ဖက်ရှင်ရေစီးကြောင်းက အဆက်မပြတ်စီးဆင်းနေရာမှာ ၂၀၁၇နွေရာသီအကြို နိုင်ငံတကာဖက်ရှင်စင်မြင့်ထက်မှာတော့ ချိုမြမြပန်းရောင်နဲ့ အ၀ါရောင်တို့က ဒီနှစ်နွေရာသီရဲ့ theme colors အနေနဲ့ ရှေ့ပြေးနေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့အသွင်အပြင်က ဒီနှစ်ဖက်ရှင်ရဲ့ အဓိက concept ဖြစ်တဲ့အတွက်  ကိုယ်နဲ့လိုက်ဖက်နိုင်မယ့်၊ သက်တောင့်သက်သာ ရှိမယ့်ဖက်ရှင်တွေကို အလေးပေးရွေးချယ်သင့်ပါတယ်။ မကြာခင်ကျရောက်တော့မယ့် ပူပြင်းတဲ့   နွေရာသီမှာဝတ်ဖို့ ဗီဒိုရှင်းတော့မယ့်သူတွေအတွက် အကြံဉာဏ်ကောင်းလေးတွေ   ရအောင် ဒီနှစ်နွေရာသီမှာ မြန်မာပြည်မှာခေတ်စားနိုင်တဲ့ဖက်ရှင်ဒီဇိုင်းတွေကို စုစည်းဖော်ပြပေး လိုက်ပါတယ်။

Feminism နောက်ကွယ်က ဖက်ရှင်ဒီဇိုင်းများ

အမျိုးသမီးတွေ အမျိုးသားတွေနဲ့တန်းတူ ရင်ဘောင်တန်းနိုင်ရေးဝါဒ ရေပန်းစားလာမှုက ဒီနှစ်ပိုင်းတွေအတွင်း နိုင်ငံတကာမှာ အမျိုးသမီးဖက်ရှင်ကို အများကြီးရိုက်ခတ်လာတာတွေ့ရပါတယ်။ အမျိုးသမီးဖက်ရှင်ဆိုရင် ယခင်က ချစ်စဖွယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ Romantic ဒီဇိုင်းတွေအများဆုံးခေတ်စားခဲ့ပေမယ့် ဒီကနေ့မှာတော့ ဝတ်ရလွယ်တဲ့   ပေါ့ပါးတဲ့ဖက်ရှင်ဘက်ကို အသားပေးလာပါတယ်။ အပေါ်အောက်တစ်စပ်တည်းတွဲထားတဲ့ Jumpsuit ၊ Pajamas လို့ခေါ်တဲ့ အင်္ကျီပွ၊ ဘောင်းဘီပွနဲ့ အိပ်ရာဝင်ဝတ်စုံဖက်ရှင်၊ အားကစားဖက်ရှင် ဒီဇိုင်းတွေက ၂၀၁၇မှာ ဆက်လက်ခေတ်စားဦးမှာဖြစ်သလို ချည်ထည် အမျိုးသားဝတ်ရှပ်အင်္ကျီပွပွ၊ အထူးသဖြင့် အဖြူရောင်ရှပ်အင်္ကျီပွပွ၊ အမျိုး သားတွေဝတ်လေ့ရှိတဲ့ အကွက်နဲ့ အစင်းကြားရှပ်အင်္ကျီပွပွတွေကလည်း ဒီနှစ်နွေရာသီမှာ အထာကျကျဝတ်စား နိုင်မယ့်ဖက်ရှင်ပဲဖြစ်ပါတယ်။

traveling-is-for-everyone7

ကြွေးကြော်သံဖက်ရှင်

ဝတ်စားဆင်ယင်မှုစတိုင်က လူတစ်ယောက်ရဲ့ပင်ကိုစရိုက်ကို ထင်ဟပ်နိုင်တယ်လို့ ပြောစမှတ်ရှိကြပါတယ်။ ၂၀၁၆မှာ logo ပါ တီရှပ်တွေ ခေတ်စားခဲ့ရာက၂၀၁၇မှာတော့ ကိုယ်ပိုင် ခံယူချက် ကြွေးကြော်သံစာသားတွေပါတဲ့ တီရှပ်လေးတွေ က ဆယ်ကျော်သက်တွေရော၊ အရွယ်ရောက်ပြီးသူ အမျိုးသမီးလေးတွေရော အကြားမှာ ပေါ်ပြူလာဖြစ်မယ့် ဖက်ရှင်ပါ။ အထူးသဖြင်တော့ Dior က ဖန်တီးထားတဲ့ “WE SHOULD ALL BE FEMINISTS” လိုမျိုး လူအများ စိတ်ဝင်စားနေတဲ့ အကြောင်းအရာတွေကို ထင်ဟပ်တဲ့ စာသားပါ တီရှပ်လေးတွေ ဒီနှစ်မှာ ရောင်းကောင်းမယ့်အနေအ ထားပါပဲ။

we-should-all-be-feminist

၁၉၇၀နှစ်များတစ်ကြော့ပြန်

တစ်ကျော့ပြန်ဖက်ရှင်တွေခေတ်စားနေတဲ့ ရေစီးကြောင်းနဲ့အတူ ၂၀၁၇ နွေရာသီမှာတော့ ၁၉၇၀အလွန်နှစ်တွေက ပွင့်ရိုက်အဆင်မျိုးတွေ အထူးခေတ်စား မှာပါ။ ချည်ထည်အဆင်တွေရှာပြီး ဂါဝန်လှလှလေးတွေချုပ်ထားမယ်ဆိုရင် နွေရာသီမှာ       ထသွား ထလာပဲဝတ်ဝတ်၊ ကမ်းခြေ ခရီးထွက်ရင်ပဲ ဝတ်ဝတ် လှမှလှပဲပေါ့။ ဈေးမှာ အဲလို ခေတ်နှောင်း အပွင့်ဖောက်အဆင်တွေ ရှာရခက်ရင်တော့ အိမ်က အမေ့ဗီဒိုသာ မွှေပါတော့လို့။

traveling-is-for-everyone8

အစင်းကြားဖက်ရှင်

အစင်းကြားဖက်ရှင်ခေတ်စားမှုကတော့ ၂၀၁၇ ကို ဆက်လက်စီးမြောနေဆဲပဲဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သက်တံ့ရောင်အရောင် စုံတောက်တောက်နဲ့ အစင်းကြားခပ်ကြီးကြီးအသွင်က အားအင်သစ်အပြည့်နဲ့ နွေရာသီအတွက် favorite trend ပါပဲ။

untitled-design

ခေတ်သစ် မြန်မာဖက်ရှင်

မြန်မာ့ရိုးရာဆင်တွေကို ဆန်းသစ်ပြီး အနောက်တိုင်းစတိုင်ဂါဝန်၊ စကတ်အမျိုးမျိုးချုပ်ဝတ်တဲ့ ဖက်ရှင်က ဒီ ၂၀၁၇မှာ ဆက်ပြီးခေတ်စားဦးမှာပါ။ ၂၀၁၆ နှစ်လည်ပိုင်းကစပြီး အတော့်ကို ရေပန်းစားနေတဲ့ Yangoods ဖက်ရှင်အိတ်တွေ၊ မြန်မာပြည်တွင်းဖြစ်အထည်တွေကို ခေတ်မီဒီဇိုင်းတွေဖန်တီးရောင်းချနေတဲ့ YangonCalling ဖက်ရှင်အဝတ်အထည်တွေနဲ့ CiCi ဖက်ရှင် ရဲ့ pocket longyi တွေက ၂၀၁၇မှာ ခေတ်သစ်မြန်မာဖက်ရှင်နဲ့ လန်းချင်သူတွေအတွက်ပါ။

နွေရာသီဖက်ရှင်အတွက် အကြံဉာဏ်တွေရပြီဆိုတော့ ကိုယ်နဲ့လိုက်ဖက်မယ့်အကောင်းဆုံးဖက်ရှင်တွေကို စိတ်ကြိုက်ရွေးချယ်ပြီး ယုံကြည်မှု အြပည့်အ၀ရှိတဲ့စတိုင်ကို ဖန်တီးနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။

မှတ်ချက်။  ဒီ blog post တွင် ဖော်ပြပါရှိတဲ့ ဖက်ရှင်brand အမည်များဟာ Insightgiveaways ရဲ့အယ်ဒီတာ အာဘော်သာဖြစ်ကြောင်းနဲ့ Sponsor content လုံးဝမဟုတ်ပါကြောင်း အသိပေးအပ်ပါတယ်။

Words by Khine (Insightgiveaways)

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s