ဘာသာစကားတစ်ခုကို သမရိုးကျနည်းလမ်းအတိုင်းသင်ယူမယ်ဆိုရင် သင်တန်းကြေး၊ စာရွက်စာတမ်းကြေးတွေအပြင် သင်တန်းအတွက် သီးသန့်အချိန်ပေးနေရတာက တစ်ဒုက္ခပါ။ အလုပ်ကြောင့် မအားလပ်တဲ့အတွက် နောက်ထပ်ဘာသာစကား တစ်ခုသင်ယူချင်ပေမယ့် စမလုပ်ဖြစ်သေးသူတွေအတွက် အွန်လိုင်း language apps တွေအများကြီးရှိပါတယ်။ ဒါပေမယ့် Function အစုံဆုံး၊ နည်းစနစ်အကောင်းဆုံးကို ဘယ်လိုရွေးကြမလဲ?

Application နဲ့ ဘာသာစကားသင်ယူတာက သပ်သပ် အချိန်ပေးစရာမလိုဘဲနဲ့ ဘတ်စ်ကားစီးနေတုန်းပဲဖြစ်ဖြစ်၊ ချိန်းထားတဲ့သူငယ်ချင်းကို စောင့်နေတုန်းပဲဖြစ်ဖြစ် smart phone ရှိသူတိုင်း လေ့လာနိုင်ပါတယ်။ ဘာသာစကားတစ်ခုသင်ယူတတ်မြောက်ဖို့အတွက် အထိအတွေ့များများရှိဖို့လိုတဲ့အတွက် language app တွေကို ထိထိမိမိသုံးတာက အတော်အထောက်အကူဖြစ်ပါတယ်။  ဉာဏ်စမ်းလေးတွေ၊ အမေးအဖြေ၊ ပုံနဲ့စာနဲ့တွဲတာလေးတွေပါလို့ အပျင်းပြေသလို တစ်ချိန်တည်းမှာပဲ တခြားသူတွေနဲ့ ချိတ်ဆက်နိုင်တဲ့အတွက် ဂိမ်းကစားသလို ပြိုင်ဘက်တွေကို အမှတ်ပေးဇယားမှာ ကျော်တက်နိုင်ဖို့ များများသင်ယူဖြစ်အောင် တွန်းအားလည်းဖြစ်တာပေါ့။  ဒီပို့စ်မှာတော့ IOS နဲ့  Android နှစ်မျိုးလုံးမှာ အသုံးပြုနိုင်တာနဲ့  အခမဲ့သင်ခန်းစာတွေ အများဆုံးပါဝင်တာပေါ်မူတည်ပြီးတော့ အကောင်းဆုံး language apps တွေကို ရွေးချယ်ဖော်ပြပေးထားပါတယ်။

၁။  Memrise

Memrise က In-app purchase ဖြစ်ပေမယ့် free သုံးလို့ရတဲ့ သင်ခန်းစာတွေအများဆုံးပါတဲ့ app တစ်ခုပါ။ language app တွေထဲကမှ ဘာသာစကားအစုံဆုံး app တစ်ခုဖြစ်ပြီး ဘာသာစကားသင်ယူရာမှာ ထိရောက်တဲ့ နည်းစနစ်တွေကို အဓိကအသားပေးထားတာတွေ့ရပါတယ်။ Memrise ကို လူကြိုက်များရတဲ့ အကြောင်း ကတော့ Visual mems တွေကြောင့် ရုပ်ပုံကတစ်ဆင့် စကားလုံးကို အလွယ်တကူမှတ်မိနိုင်သလို Word association စနစ်ပါလို့ ကိုယ့်အတွက် ခက်ခဲတဲ့စကားလုံးအသစ်တစ်ခု တွေ့ရင် အဲ့စကားလုံးကို (ကိုယ်က အင်္ဂလိပ်လို သင်ရင်) အနီးစပ်ဆုံး အင်္ဂလိပ်စကားလုံးနဲ့တွဲပြီးမှတ်သားနိုင်ပါတယ်။ စာလုံးသစ်တွေကို အဆင့်တိုင်းမှာ  ပြန်နွှေးပေး တဲ့အတွက် စာလုံးတွေကို သင်လိုက်မေ့လိုက်မဖြစ်တော့ဘူးပေါ့။ စာလုံးပေါင်း၊ အသံထွက် နှစ်မျိုးလုံးကို လေ့ကျင့်နိုင်လို့ Beginner တွေအတွက် နံပါတ် တစ်ရွေးချယ်သင့်တဲ့ language app ပါ။ ဘာသာစကားတစ်ခုမှာ course အသစ်တွေ နေ့စဉ် အသစ်တိုးနေပြီး တစ်ချိန်တည်းမှာပဲ အားနည်းချက်အနေနဲ့ဆိုရင်တော့  သင်ခန်းစာတွေ များလွန်းတဲ့ အတွက် ကိုယ်နဲ့ကိုက်မယ့် သင်ခန်းစာကိုရွေးတဲ့နေရာမှာ အခက်အခဲအနည်းငယ်ရှိသလို user-generated အသားပေးဖြစ်လို့ သင်ခန်းစာရဲ့ အရည်အသွေးပိုင်းကတော့ အစားစားရှိပါတယ်။  ဒါပေမယ့် course တစ်ခုချင်းစီတိုင်း မှာ အသုံးပြုသူအရေအတွက်နဲ့ ဘယ်လောက်အချိန်ပေးရလဲဆိုတာဖော်ပြထားတဲ့အတွက် အဲဒီ့အချက်တွေအပေါ် အခြေခံပြီး သင်ခန်းစာကို ရွေးချယ်နိုင်ပါတယ်။

၂။ Duolingo

Duolingo ကတော့ သုံးရအလွယ်ကူဆုံးနဲ့ သင်ခန်းစာတိုင်းကို အခမဲ့သင်ယူနိုင်မယ့် language app ပါ။ အင်္ဂလိပ်ဘာ သာလို လေ့လာမယ်ဆိုရင် ဘာသာစကားပေါင်း၂၇မျိုးအထိ သင်ယူနိုင်ပါတယ်။ Skills level တွေမှာ task တစ်ခုပြီး တိုင်း အမှတ်တွေတက်သွားမှာဖြစ်ပြီး ကိုယ်က အသစ်သင်ယူမယ့် ဘာသာစကားမှာ အခြေခံရှိပြီးသားဆိုလည်း test outလုပ်ပြီးအဆင့်ကျော်နိုင်ပါတယ်။ တခြား language app တွေနဲ့မတူဘဲ test out လုပ်ပြီးမှသာ အ    ဆင့်ကျော်နိုင်လို့  ကိုယ့်ရဲ့ level ကိုတိတိကျကျသိနိုင်ပါတယ်။ Memrise လိုပဲ Beginner တွေ အခက်အခဲမရှိသုံးနိုင်ပါ တယ်။

duolingoအားနည်းချက်ကတော့ အင်တာနက်ရှိမှ ဒီ app ကို သုံးနိုင်မှဖြစ်ပြီးတော့ offline function မပါ ဝင်ပါဘူး။ ဒါ့အပြင် စကားပြောကို အဓိကလေ့ကျင့်ချင်တယ်ဆို ရင်တော့ Duolingo က conversation section ပိုင်း အားနည်းတဲ့အတွက် အသုံးသိပ်မ တည့်ပါဘူး။  အားသာချက်ကတော့ microphone သုံးပြီး ကိုယ့်ရဲ့ အသံထွက်ကို လေ့ကျင့်နိုင်ပြီး ရုပ်ပုံတွေ၊ အသံတွေ များများပါလို့ ထိရောက်တဲ့   လေ့လာနည်း တစ်မျိုးပါပဲ။ ဒါ့အပြင် တစ်ချိန်တည်းမှာ ဘာသာစကား အမျိုးမျိုးကို တွဲပြီးလေ့လာနိုင်ပါတယ်။  ဉာဏ်စမ်းလေးတွေ၊ အမေးအဖြေ၊ ပုံနဲ့စာနဲ့ တွဲတာလေးတွေပါလို့ အပျင်းပြေသလို တခြားသူတွေနဲ့ ချိတ်ဆက်နိုင်တဲ့ အတွက် ဂိမ်းကစားသလို ပြိုင်ဘက်တွေကို အမှတ်ပေးဇယားမှာ ကျော်တက်နိုင်ဖို့ များများသင်ယူဖြစ်အောင် တွန်းအား လည်းဖြစ်တာပေါ့။

၃။ Busuu

Busuu မှာတော့ ကိုယ်သင်ချင်တဲ့ ဘာသာစကားကိုရွေး၊ Sign up လုပ်ပြီးတာနဲ့ ကိုယ်စသင်ချင်တဲ့ level ကိုရွေးပြီး စနိုင်ပါတယ်။ တရုတ်စာနဲ့ ဂျပန်စာအပါအ၀င် ဘာသာစကား ၁၂ မျိုးကို သင်ယူနိုင်ပါတယ်။ အက္ခရာကစ လေ့လာတဲ့ သင်ခန်းစာမပါတဲ့အတွက် အခုမှ ဘာသာစကားကို အသစ်ဆက်ဆက် သင်ယူချင်သူတွေအတွက်တော့ Busuu က နည်း နည်းခက်ကောင်းခက်နိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်သင်ယူချင်တဲ့ ဘာသာစကားပြောသူတွေရှိလို့ စကားလုံး တွဲတွေ မြန်မြန်နဲ့တတ်ချင်ရင်၊ဒါမှမဟုတ် ခရီးသွားရင် ဆက်သွယ်ဖို့အတွက် သုံးချင်တာဆိုရင်တော့  Busuu က သင့်လျော်ပါတယ်။ A1 ကနေ B2 level အထိအဆင့်ဆင့် လေ့လာနိုင်သလို နိုင်ငံရပ်ခြားခရီးသွားချင်သူတွေအတွက် Travel course လည်းရှိပါတယ်။ Grammar နဲ့ audio လေ့ကျင့်ခန်းတွေနဲ့ Travel course အများစုကတော့ Paid version နဲ့မှ အသုံးပြုနိုင်မှာပါ။  language social network ဖြစ်တဲ့ Busuu မှာ ကမ္ဘာနဲ့တစ်ဝှမ်း အသုံးပြုသူပေါင်း သန်း ၅၀ ကျော်ရှိလို့ native speakers တွေနဲ့ချိတ်ဆက်နိုင်ပါတယ်။ ဘာသာစကား နှစ်မျိုး၊ သုံးမျိုး တွဲလေ့လာချင်သူအတွက်ဆိုရင်တော့ Premium version ဝယ်ဖို့လိုပါတယ်။

screen-shot-2017-01-12-at-21-26-17

၎။ Babbel

Babbel ကတော့ Duolingo နဲ့ ပုံစံဆင်တူပါတယ်။ ဘာသာစကား ၁၃မျိုးကို သင်ယူနိုင်ပြီး အာရှဘာသာစကား ဆိုရင်တော့ အင်ဒိုနီးရှားဘာသာတစ်မျိုးပဲ ပါပါတယ်။ Paid version ကို အဓိကအသားပေးထားပေမယ့် အခမဲ့သင်ယူ နိုင်တဲ့ သင်ခန်းစာတွေတော့ အနည်းနဲ့အများပါပါတယ်။unnamedအဓိက function အနေနဲ့ကတော့ vocabulary နဲ့အသံ ထွက်ကို များများလေ့ကျင့်နိုင်ပြီး conversation  လေ့ကျင့်ခန်းတွေ အများကြီးပါဝင်ပါတယ်။  User Interface ပိုင်း မှာ Duolingo လောက် သုံးရတာမကောင်းပေမယ့် speaking ပိုင်းအသားပေးသူတွေအတွကတော့ Babbel က အသုံးတည့်ပါတယ်။ Offline အသုံးပြုနိုင်တဲ့အတွက် ဝေါဟာရတွေကို အင်တာနက်မရှိဘဲ  ပြန်လေ့ကျင့်နိုင်တဲ့အချက်ကတော့ Duolingo ထက်သာတဲ့အချက်ပါ။ အရည်အသွေးပိုင်းကို ဦးစားပေးပြီး ငွေနည်းနည်းသုံးမယ်ဆိုရင်တော့ Yes for Babbel ပါပဲ။

၅။ HiNative

hinative

ကိုယ်သင်ယူထားတာလေးတွေကို native speakers တွေနဲ့ အခမဲ့ဆက်သွယ်လေ့ကျင့်ချင်တယ်ဆိုရင်တော့ HiNative ကို ဒေါင်းထားလိုက်ပါ။ HiNative က ဘာသာစကားဆိုင်ရာအမေးအဖြေပုံစံ social network app ပါ။ ဘာသာစကားသင်ယူလေ့လာနေသူအချင်းချင်း ဘာသာစကားအခက်အခဲတွေ၊ အသံထွက်မမှန်ကန်တာတွေနဲ့ ဘာသာ စကားနဲ့စပ်ဆပ်ပြီး ယဉ်ကျေးမှုစံနှုန်းတွေကို လေ့လာတာစတဲ့ ကိုယ်သိချင်တာတွေကို အဖွဲ့ဝင်အချင်းချင်း ကူညီဖြေ ဆိုပေးတဲ့ ပုံစံပါ။  ပုံမှန် Tandem language exchange app တွေနဲ့မတူတဲ့အချက်ကတော့ HiNativeမှာဆိုရင် ကိုယ်နဲ့ဘာသာစကားလေ့ကျင့်မယ့်သူ တစ်ယောက်ချင်းကို လိုက်ချိတ်စရာမလိုဘဲနဲ့ သိချင်တဲ့မေးခွန်းကို တင်လိုက်တာနဲ့ native speakers member တွေက ဖြေပေးမှာဖြစ်ပါတယ်။  အဖြေတွေရဲ့မှန်ကန်မှုစံနှုန်းကို တစ်ခြားအဖွဲ့ဝင်တွေ က vote ပေးနိုင်တဲ့အတွက် ပိုမိုတိကျကောင်းမွန်တဲ့ အဖြေကိုလည်း အခက်အခဲမရှိရွေးနိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက native speakers တွေနဲ့ချိတ်ဆက်နိုင်လို့ ဘာသာစကားပေါင်းတစ်ရာကျော်ကို access လုပ်နိုင်ပါတယ်။ မြန်မာစာတော့ စနစ်ထဲမှာ မပါသေးလို့ အင်္ဂလိပ်လိုကတစ်ဆင့်ပဲ သုံးရမှာပါ။ 

အပေါ်က အချက်အလက်တွေက ဘာသာစကားစိတ်ဝင်စားသူတွေအတွက် အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ Language app တွေစသုံးကြည့်ပြီး ကိုယ်ကြိုက်တဲ့အချက်လေးတွေရှိရင်လည်း တခြားသူတွေကို comment box ကတစ်ဆင့် ဝေမျှပေးဖို့တိုက်တွန်းလိုက်ပါတယ်။

 

 

Words by Insightgiveaways

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s