ဇန်နဝါရီလက အအေးပိုတတ်တော့ အရည်သောက်လေးပါမှစားချင်သူတွေအတွက် ၁၅မိနစ်နဲ့ချက်နိုင်ပြီး အရသာရှိတဲ့ ဟင်းချိုချက်နည်းလေးတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

အလုပ်ကပြန်လာလို့ ထမင်းစားခါနီး ဟင်းချိုလေးသောက်ချင်တယ်ဆိုတဲ့ အာသီသပေါ်လာတဲ့အခါ ချက်ရမှာ ကြာဦးမယ်ဆို ပြီး အရည်သောက်မပါဘဲပြီးလိုက်ရရင် ဆောင်းတွင်းအေးအေးမှာ ဘယ်ဂွတ်ပါ့မလဲ။ တစ်ချို့ကျတော့လည်း ဟင်း ချိုတော့ လုပ်သောက်ဖြစ်တယ်။ မြန်မြန်ပြီးအောင် ရယ်ဒီမိတ်အခဲ၊ အနှစ်တွေသုံးပြီးချက်ကြတယ်။ ရယ်ဒီမိတ်အထုပ်တွေ က ရေရှည်စားလို့မကောင်းပါဘူး။  ကြာလာတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မြန်မြန်နဲ့ လွယ်လွယ်ချက်လို့ရသလို ကျန်းမာရေးအတွက်သင့်လျော်တဲ့ ဟင်းချိုလေးတွေ လုပ်သောက်ကြရအောင်။

၁။ အုန်းနို့ကြာဇံပြုတ်

အုန်းနို့ကြာဇံဆိုလို့ အုန်းနို့ခေါက်ဆွဲချက်နည်းလိုမျိုး ကြာမယ်မထင်ပါနဲ့။ ဒီဟင်းက ယိုးဒယားစတိုင်မှာ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်တွေ ပေါင်းစပ်ထားတဲ့ဟင်းပါ။ ချက်ရလွယ်ကူပြီး ကြာဇံနဲ့မို့ ညနေစာဟင်းမချက်ထား ရင်တောင်မှ ဒီဟင်းတစ်မျိုးထဲနဲ့ ဗိုက်ဝပါတယ်။

ပါဝင်ပစ္စည်း

ကြာဇံ (၂ ယောက်စာ ရေစိမ်ထားပါ)
အုန်းနို့အနှစ် ၁ ခွက်
ကြက်သွန်နီ၁ လုံး (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ ၁ မွှာ ( နုတ်နုတ်စဉ်းပါ)
ငရုတ်သီးစိမ်း ၂ တောင့် ( ပါးပါးလှီးထားပါ)
ဂျင်း အနည်းငယ်
စပါးလင် အနည်းငယ်
ရှောက်ရွက် ၃ ရွက်
နံနံစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
ဇီယာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
စနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ရေ ၃ ခွက်
နံနံပင် အနည်းငယ်

coconut-curry-noodle-soup-11

Photo Reference: thewoksoflife.com

ချက်ပြုတ်နည်း

ဒယ်အိုးထဲဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း ပါးပါးလှီးထားတာ ထည့်ပြီး ဆီသတ်ပါ။ ထောင်းထားတဲ့ ဂျင်းနဲ့ စပါးလင်တစ်ပြားရိုက်ထားတာကို ထည့်ပါ။ ရှောက်ရွက်၊ နံနံစေ့မှုန့်၊ ဇီယာမှုန့်နဲ့ စနွင်းမှုန့်ထည့်ပါ။ ဟင်းခတ်အမွှေးအကြိုင်တွေ အနံ့မွှေးလာပြီဆိုရင် အုန်းသီးအနှစ်၊ ငါးငံပြာရည်နဲ့ ရေထည့်ပြီး ၅ မိနစ်ခန့် တည်ပေးပြီး မီးပိတ်လိုက်ပါ။ တစ်ဆက်တည်းမှာပဲ ရေစိမ်ထားတဲ့ ကြာဇံကို ရေနွေးပူလောင်းထည့်ပြီး ကြာဇံနူးေ လာက်ရင် ရေစစ်ပြီး စားမယ့်ပန်းကန်လုံးထဲထည့်ပါ။ ပြီးရင်တော့ အနံ့သင်းသင်းဟင်းရည်ကို လောင်းထည့်ပြီး နံနံ ပင်နဲ့ ငရုတ်သီးစိမ်းထည့်ပြီး ဆွဲရုံပါပဲ။

၂။ မီဆိုခေါက်ဆွဲပြုတ်

မီဆိုခေါက်ဆွဲပြုတ်ဟာ ဂျပန်ဟင်းလျာဖြစ်ပြီးတော့ အာဟာရပြည့်ဝတဲ့ လွယ်ကူမြန်ဆန်ဟင်းတစ်ခွက်ပါ။ ဆီလုံးဝမသုံး ထားတဲ့အတွက် Diet လုပ်သူတွေနဲ့လည်း သင့်တော်ပါတယ်။  ခေါက်ဆွဲနေရာမှာ ကြာဇံဖြစ်ဖြစ်၊ ညှပ်ခေါက်ဆွဲ ဖတ်ပဲဖြစ်ဖြစ် အစားထိုးနိုင်ပါတယ်။

ပါဝင်ပစ္စည်း

ခေါက်ဆွဲ (၂ ယောက်စာ)
မီဆိုအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
ပဲပြား ၁ တုံး (အနေတော်အရွယ်လေးတွေတုံးထားပါ)
ရှီတာကီမှိုခြောက် ငါးကျပ်သား (ရေစိမ်ထားပါ)
ဂျင်း တစ်ပြား (ခြစ်နှင့် ခြစ်ထားပါ)
ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်ဥ ၂ လုံး
ကြက်သွန်မြိတ် ၂ ပင် (နုတ်နုတ်စဉ်းထားပါ)
ဟင်းနုနွယ်ရွက် ၁ စည်း
ရေ ၃ခွက်

misonoodle

Photo Reference: blogspot.com

ချက်ပြုတ်နည်း

ချက်မယ့်အိုးထဲ ရေထည့်ပြီးဆူအောင်တည်ပါ။ တစ်ချိန်တည်းမှာ အိုးနောက်တစ်အိုးနဲ့ ခေါက်ဆွဲပြုတ်ထားပါ။ ကြက်ပြုတ်ရည်နဲ့ပြုတ် ရင် ပိုစားကောင်းပါတယ်။  တစ်ပြိုင်တည်းလုပ်တော့ မြန်မြန်ပြီးပြီး မြန်မြန်စားရတာပေါ့။ ဟင်းရည်အိုးဆူလာရင် မီဆို အနှစ်ရောပြီး ပျော်သွားအောင်မွှေပေးပါ။ မီးနည်းနည်းလျှော့လိုက်ပြီးတော့ ဂျင်း၊  ပဲပြားတုံးလေးတွေနဲ့   ရေစိမ်ထားတဲ့ ရှီတာကီမှိုခြောက်ကိုပါးပါးလှီးပြီး ထည့်ပါ။ ဆက်ပြီးတော့ ပဲငံပြာရည်ထည့်၊ ကြက်ဥ ဖောက်ထည့်ပါ။          ၃ မိနစ်လောက်တည်ထားပေးပြီးရင် မီးပိတ်လိုက်ပါ။ စားမယ့်ပန်းကန်လုံးထဲမှာ ပြုတ်ပြီးဆယ်ထားတဲ့ ခေါက်ဆွဲထည့်၊ ဟင်းနုနွယ် ရွက်ထည့် (တခြားကြိုက်နှစ်သက်ရာ အနူးလွယ်တဲ့ အရွက်စိမ်း ဘာမဆိုထည့်နိုင်ပါတယ်)၊ ဟင်းပြုတ်ရည်ထည့်ပြီး ကြက် သွန်မိတ်လေးဖြူးကာ သုံးဆောင်နိုင်ပါပြီ။

 

၃။ တရုတ်စတိုင် မှိုကြက်ဥဟင်းချို

လုပ်ရလွယ်ကူပြီး ကျန်းမာရေးနဲ့ သင့်တော်တဲ့ မှိုကြက်ဥဟင်းချိုကတော့အစိမ့်အရသာကြိုက်သူတွေ အတွက်ပါ။ ချက်နည်းကလည်း လွယ်မှလွယ်ပါပဲ။

ပါဝင်ပစ္စည်း (နှစ်ယောက်စာ)

မှို ၁၀ ကျပ်သား
ကြက်ဥ ၂ လုံး
ပဲပြား ၁ တုံး (အနေတော် အတုံးလေးများတုံးထားပါ)
ကြက်သွန်မြိတ် ၂ ပင် (နုတ်နုတ်စဉ်းထားပါ)
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကော်မှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ရေ ၅ ခွက်
ငရုတ်ကောင်းမှုန့်အဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

egg-drop-soup-vertical-b-1800

Photo Reference: assets.simplyrecipes.com

 

ချက်ပြုတ်နည်း

ခွက်တစ်လုံးထဲ ကို ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ ထည့်ပြီး ပွလာအောင် ခေါက်ပေးပါ။နောက်ထက်ခွက်အသေး တစ်လုံးထဲမှာ ကော်မှုန့်ကို ရေ နည်းနည်းထည့်ပြီး ဖျော်ထားပါ။ အားလုံးပြင်ပြီးရင် စချက်ပါမယ်။ ရေ ၅ ခွက်ကို ဟင်းရည်ချက်မယ့်အိုးထဲထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာရင် မှိုထည့်ပြီး ငါးမိနစ်ခန့်တည်ထားပါ။ ပြီးရင်တော့ ညက်ညက်ေ ထာင်းထားတဲ့ ဂျင်းနဲ့ လက်ကျန် ဆား၊ ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီးမွှေပါ။ ဆက်လက်ပြီး ကော်ရည်ကိုထည့်ပြီး အဆက်မပြတ်မွှေပေးပါ။ မမွှေလို့ရှိရင် ကော်တွေခဲသွားတတ်ပါတယ်။ ခေါက်ထားတဲ့ ကြက်ဥကို ဖြည်းဖြည်းချင်း   လောင်းထည့်ပြီး တစ်ခြားလက်တစ်ဖက်နဲ့ ဟင်းရည်ကို မွှေပေးပါ။ နောက်ဆုံးအဆင့်အနေနဲ့ပဲပြားတုံးလေးတွေထည့်ပြီး ၂ မိနစ်လောက်နေရင် နှမ်းဆီနဲ့ ကြက်သွန်မြိတ်ပါးပါးလှီးထားတာထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

၎။ ကင်မ်ချီဟင်းချို

ချဉ်ငံစပ်ဟင်းချိုမှ ကြိုက်တယ်ဆိုသူတွေအတွက်ကတော့ အိမ်မှာ ကင်မ်ချီရှိရင်ဟင်းချို အလွယ်တကူလုပ်စားလို့ရပါတယ်။ ကင်မ်ချီဟင်းချိုမှာ ဗီတာမင်၊ သံဓာတ်နဲ့ ပရိုတင်းဓာတ်တွေပါဝင်လို့ ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။

ပါဝင်ပစ္စည်း(သုံးယောက်စာ)

ကင်မ်ချီ ၁၀ ကျပ်သား
ပဲပြား ၁ တုံး
ကိုရီးယားငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် ၂ ပင် (နုတ်နုတ်စဉ်းထားပါ)
ရေ ၅ခွက်
ကြက်ဥ ၁ လုံး

maxresdefault

Photo Reference: i.ytimg.com

ချက်ပြုတ်နည်း

ကင်မ်ချီကို ပါးပါးလှီးပြီး ကင်မ်ချီရည်အနည်းငယ်၊ သကြား၊ ကိုရီးယားငရုတ်သီးအနှစ်၊ ရေတို့ကို ချက်မယ့်အိုးထဲထည့်ပြီး မီးပူပူနဲ့ ပွက်ပွက်ဆူအောင်တည်ပါ။ ပြီးရင် ပဲပြားကို အနေတော်အတုံးလေးတွေတုံးပြီး ဟင်းရည်အိုးထဲထည့်ပါ။ ၁၀ မိနစ်လောက်နေရင် မီးပိတ်ပြီး ကြက်သွန်မြိတ်ထည့်၊ ကြက်ဥ ဖောက်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။ ကင်မ်ချီဟင်းချိုတစ်မျိုးတည်း ညနေစာ အဖြစ်စားမယ်စဉ်းစားရင်တော့ ရေစိမ်ထားတဲ့ ပဲကြာဇံကို ဟင်းအိုးမချခင်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

 

၅။ တုန်ယမ်းဟင်းချို

တုန်ယမ်းဟင်းချို အမြန်ချက်နည်းဆိုလို့ ရယ်ဒီမိတ် တုန်ယမ်းအနှစ်ကို သုံးမယ်လို့မထင်ပါနဲ့။  ဒီမှာ ဖော်ပြပေးထားတဲ့ ဟင်းချက်နည်းအားလုံးက မြန်ဖို့တစ်ခုတည်းတင်မဟုတ်ဘဲ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အိမ်ချက်နည်းစနစ်တွေကိုပဲ အသားပေးဖော်ပြထားတာပါ။ တုန်ယမ်းရယ်ဒီမိတ်အနှစ်က သဘာဝပစ္စည်းတွေနဲ့လုပ်ထားတာနဲ့ အရသာလုံးဝကွာခြား ပါတယ်။ ကဲ ချက်နည်းလေးကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်း

ပုဇွန် ၁၀ ကျပ်သား
မှို ၁၀ ကျပ်သား (အတုံးလေးတွေ လှီးထားပါ)
ငရုတ်သီးစိမ်း ၂ တောင့်
စပါးလင် ၂ တောင့် (အနေတော်အရွယ်ပိုင်းဖြတ်ထားပါ)
ပတဲကော ၂ ပြား
ဂျင်း ၂ ပြား
ကြက်သွန်ဖြူ ၁ မွှာ (တစ်ပြားရိုက်ထားပါ)
ကြက်သွန်နီကြီး ၁ လုံး (အခွံနွှာထားပါ)
ကြက်သွန်နီသေး ၁ လုံး (အခွံနွှာထားပါ)
ခရမ်းချဉ်သီး ၂လုံး
ရှောက်ရွက် ၅ ရွက်
ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပုရာသီး ၁ ခြမ်း
ငံပြာရည် အနည်းငယ်
သကြားအနည်းငယ်

img_0732

Photo Reference: 1.bp.blogspot.com

ချက်ပြုတ်နည်း

ဟင်းရည်ချက်မယ့်အိုးကို ရေထည့်ပြီးဆူအောင်တည်ထားပါ။ ရေဆူတာကို စောင့်ရင်းနဲ့ ပုစွန်ကို ဆားနဲ့ ငရုတ်ကောင်း မှုန့်နည်းနည်းထည့်ပြီး နယ်ထားပေးပါ။ လှီးထားတဲ့ စပါးလင်၊ ပတဲကော၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အကြီး၊ အသေးနဲ့ ရှောက်ရွက်တို့ကို ဟင်းအိုးထဲ ထည့်ပြီး အနံ့သင်းလာတဲ့အထိ တည်ပေးပါ။ ပြီးရင်တော့ ခရမ်းချဉ်သီးနဲ့ မှိုရောပြီး ငါးမိနစ်ခန့်တည်ပေးပါ။ နောက်ဆုံးမှာတော့ ပုစွန်ထည့်ပြီး ပုစွန်အရောင်စပြောင်းတာနဲ့ မီးပိတ်လိုက်ပါ။ အဲ့နောက် သုံးဆောင်မယ့် ပန်းကန်လုံးထဲကို သကြားနဲ့၊ ငံပြာရည်အနည်းငယ်စီ (ကိုယ်နှစ်သက်ရာ အရသာ အနေအထားအလိုက် ထည့်နိုင်ပါတယ်) ငရုတ်သီးစိမ်းနဲ့ သံပုရာသီးညှစ်ထည့်ပြီးနောက် ဟင်းရည်ထည့်ကာ တည်ခင်းနိုင်ပါ ပြီ။ ဒါကတော့ ရှေးမူမပျက် ယိုးဒယားတုန်ယမ်းဟင်းချိချက်နည်းပါ။ မော်ဒန်တုန်ယမ်းကို ပိုကြိုက်တယ်ဆိုရင်တော့ evaporated milk ထည့်ပြီး ခေါက်ဆွဲခြောက်ထည့်လို့လည်း တုန်ယမ်းခေါက်ဆွဲလုပ်စားနိုင်ပါတယ်။

၆။ ပန်းဂေါ်ဖီကုလားဟင်း

ဒီအရည်သောက်ဟင်းကတော့ ကိုယ်တွေချက်စားနေကြ သီးစုံပဲကုလားဟင်းကို ၁၅မိနစ်နဲ့ ချက်နိုင်အောင်လို့ ကျက်လွယ်တဲ့ ပန်းဂေါ်ဖီနဲ့ ရုံးပတီသီးနှစ်မျိုးပဲသုံးပြီး ကုလားပဲမထည့်ဘဲ ချက်ထားတာပါ။ မန်ကျည်းရည်သုံးထားတော့ ဝမ်းချုပ်တတ်တဲ့ ဆောင်းတွင်းနဲ့လည်း အကိုက်ပါပဲ။

ပါဝင်ပစ္စည်း

ပန်းဂေါ်ဖီပွင့် တစ်ဝက် (အနေတော်အရွယ်လေးတွေပိုင်ဖြတ်ထားပါ)
ရုံးပတီသီး ၇ တောင့် (အနေတော်အရွယ်လေးတွေပိုင်ဖြတ်ထားပါ)
မန်ကျည်းသီး
မုန်ညင်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
ဇီယာစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
ပျဉ်းတော်သိမ်ရွက် အနည်းငယ်
ခရမ်းချဉ်သီး ၁ လုံး (အတုံးသေးလေးတွေလှီးထားပါ)
ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ ၂ မွှာ၊ဂျင်း ၁ ပြား (ရောထောင်းထားပါ)
စနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
မဆလာ လက်ဖက်ရည်ဇွန်း တစ်ဝက်
ငရုတ်သီးအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ချက်ပြုတ်နည်း

အိုးထဲဆီထည့်ပြီး ဆီပူလာရင် မုန်ညင်းစေ့နဲ့ ဇီယာစေ့ထည့်ပေးပါ။ ၁ မိနစ်လောက်နေလို့ အိုးက သံစုံထွက်လာပြီ ဆိုရင် ဟင်းမွှေးရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဂျင်းထည့်ပြီး စနွင်းမှုန့် ၊ မဆလာ၊ ငရုတ်သီး အစိမ်းမှုန့်၊ ငရုတ်ကောင်းမှုန့်တို့နဲ့ ဆီသပ်ပါ။ ပြီးရင်တော့ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီတို့ထည့်ပြီး လုံးပေးပါ။ ခဏနေရင် မန်ကျည်းသီးအနှစ်ရည်ကို ထည့်ပေးပြီး အပေါ့အငံအတွက် ဆားထည့်ပါ။ ပွက်ပွက်ဆူလာရင်တော့ရုံးပတီသီးလေးတွေ ထည့ပြီး မီးပိတ်လိုက်ပါ။ ရုံးပတီသီးက ကျွတ်ကျွတ်လေးမှ ပိုစားကောင်းပြီး သူ့မှာပါတဲ့အမျှင်ဓာတ်လေးတွေက ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့အတွက် အဲ့ဓာတ်လေးတွေ အများဆုံးရအောင်ရုံးပတီသီးအစိမ်းရောင်မပျက်စေဖို့ အတွက် နောက်ဆုံးမှထည့်တာပါ။

၇။ အစိမ်းရွက်ဟင်းချို

ဒီဟင်းချိုကတော့ အခြေခံဟင်းဖြစ်ပြီး အင်မတန်မှ ရိုးရှင်းလွယ်ကူပါတယ်။အရည်လျှော့ထည့်ပြီးချက်တဲ့အခါတော့   ကျော်ချက်လို့ခေါ်ပါတယ်။ အများအားဖြင့် ဂေါ်တခါးညွန့်၊ ဟင်းနုနွယ်ရွက်၊ မုန်ညင်းစိမ်းစတဲ့ကြိုက်နှစ်သက်ရာ   နူးလွယ်တဲ့ အစိမ်းရောင်အရွက်တွေကို သုံးပြီးချက်တာပါ။ ၁၀မိနစ်နဲ့ အပြီးချက်နိုင်သလိုကျန်းမာရေးနဲ့သင့်တော်တဲ့ ဟင်းချိုပါ။

ပါဝင်ပစ္စည်း

ဂေါ်တခါးညွန့် (သို့) ကြိုက်နှစ်သက်ရာ အစိမ်းရွက်များ
ကြက်သွန်ဖြူ ၂ မွှာ (တစ်ပြားရိုက်ထားပါ)
ဂျင်း (တစ်ပြားရိုက်ထားပါ)
ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ ၃ ခွက်
ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ချက်ပြုတ်နည်း

အိုးထဲဆီထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်းထည့်ပါ။ မွှေးလာရင် အရွက်ထည့်၊ ဆားထည့်ပြီး ၁မိနစ်ခန့် မွှေပေးပါ။   နောက်ဆုံးမှာတော့ ရေထည့်ပြီး အဖုံးအုပ်ကာ အရွက်မနူးတနူးမှာ မီးဖိုက ချလိုက်ပါ။

အပေါ်မှာ ဖော်ပြထားတဲ့ ဟင်းချိုချက်နည်းတွေမှာ အရသာပိုကောင်းချင်ရင်ကြက်ပြုတ်ရည်ကို ရေအစားထည့်သုံး နိုင်ပါတယ်။ အားတဲ့ရက်တွေ အိမ်မှာ ကြက်သားပြုတ်ရည်လေးလုပ်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။ နောက်ဆုံးဘာမှ မချက်တော့ဘူးဆိုရင်တောင် ကြက်ပြုတ်ရည်ကို နွှေးပြီး ကြက်သွန်မြိတ်၊ ငရုတ်ကောင်းဖြူးလို့အလွယ်ဟင်းချို လုပ်နိုင်တာပေါ့။ ကဲ  လွယ်ကူမြန်ဆန်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းချိုလုပ်နည်းတွေရပြီဆိုတော့  ဆောင်းတွင်းအေးေ အးမှာ ပူပူနွေးနွေးညနေစာလုပ်စားလိုက်ကြပါစို့။

Words by Insightgiveaways

 

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s