ဒီဂျစ်တယ်ခေတ်မှာ ဆယ်ကျော်သက်တွေ social media အသုံးပြုမှုက တစစ မြင့်တက်လာပါတယ်။ ဒါကိုတားဆီးဖို့ဆို တာလည်း မဖြစ်နိုင်င်သလို ဖြစ်လည်းမဖြစ်သင့်ဘူးလို့ဆိုရမှာပါ။ အလျင်အမြန်တိုးတက်နေတဲ့ခေတ်မှာ ခေတ်ရေစီးကြောင်း က နည်းပညာအသစ်တွေကို သိရှိဖို့ကလည်း ယနေ့ခေတ်ရဲ့ လိုအပ်ချက်ဖြစ်လာနေလို့ပါ။  ဒါပေမယ့် ဆယ်ကျော် သက်လေးတွေ social media သုံးတဲ့နေရာမှ အုပ်ထိန်းသူတွေအနေနဲ့ လမ်းကြောင်းပြပေး၊ ထိန်းကွပ်ပေး နိုင်ဖို့တော့ လိုပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ Facebook အသုံးပြုမှုပိုများတဲ့အတွက် ဆယ်ကျော်သက်ကေ လးတွေ ဆိုရှယ်မီဒီယာအသုံးပြုမှုကို ထိန်းကျောင်းရာမှာ ဘာတွေလုပ်ရင်ကောင်းမလဲဆိုတာကို အဲ့ဆိုက်ဒ်ပေါ်မှာ အများဆုံးအခြေခံပြီးတင်ပြပေးသွားပါမယ်။

အားလုံးသိထားသလို အွန်လိုင်းက မလုံခြုံပါဘူး။ ဒါပေမယ့် ဒီခေတ်မှာ အဓိကဆက်သွယ်ရေးစနစ်တစ်ခုအနေနဲ့ သုံးနေ ကြတဲ့အတွက် မသုံးဘဲရှောင်ဖို့ကလည်း နည်းနည်းတော့ခက်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေ social media သုံးတဲ့နေရာမှာ သူငယ်ချင်းအချင်းချင်းအွန်လိုင်းကတစ်ဆင့် ချိတ်ဆက်ဖို့၊ သူငယ်ချင်းတွေရဲ့ တစ်နေ့တာအဖြစ်အပျက်တွေကို သိဖို့၊ လူကြီးတစ်ယောက်ဖြစ်ဖို့အားယူနေတဲ့  ဆယ်ကျော်သက်လေးတွေအတွက် ကိုယ်ပိုင် identity ကို ဖော်ပြ နိုင်ဖို့၊ သက်တူရွယ်တူတွေဆီက အသိအမှတ်ပြုမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေရနိုင်ဖို့စတဲ့ အကြောင်းပြချက် အမျိုးမျိုးအပြင် ခေတ်မီတဲ့နိုင်ငံတွေမှာဆို စာသင်ခန်းထဲက group work တွေအတွက်ချိတ်ဆက်ဖို့ပါ social media ကို အသုံးပြုကြပါတယ်။

အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ အွန်လိုင်းပေါ်က ဘဝနဲ့ offline က ပုံမှန်ဘဝကွာခြားချက်ကို နားလည်နိုင်ပေ မယ့် ဆယ်ကျော်သက်တွေအတွက်ကတော့ ဒီနှစ်ခုက အတူတူလိုပါပဲ။ သူတို့အပြင်မှာ အပေါင်းအသင်းတွေနဲ့ ထိတွေ့ဆက်ဆံသလို အွန်လိုင်းကိုလည်း ဒီအတိုင်းပဲ အသုံးပြုကြပါတယ်။ ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ရေးရာဇဝင်အချက်အလက်အားလုံးလိုလိုကို social media တွေပေါ်မှာ ဖော်ပြလေ့ရှိကြတယ်။ ဒါကို အခွင့်ကောင်းယူမယ့် လူမသမာတွေကလည်း အွန်လိုင်းမှာ အနည်းနဲ့အများရှိနေပါတယ်။ ဒါတင်မကပါဘူး။ သက်တူရွယ်တူတွေရဲ့ ဖိအားတွေ၊ မလိုမုန်းတီး ပြောဆိုမှုတွေနဲ့ အွန်လိုင်းကတစ်ဆင့် ဆယ်ကျော်သက်တွေကို အနိုင်ကျင့်မှုတွေကလည်း သတိထားရမယ့် အန္တရာယ်တွေပါပဲ။ ဒါကြောင့် social media အသုံးပြုမယ့် ဆယ်ကျော် သက်တွေကို အုပ်ထိန်းသူတွေက နည်းပြပေးနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။

အကောင်းဆုံးဆိုရှယ်မီဒီယာ အကြံပေးအဖြစ် ယုံကြည်မှုကို တည်ဆောက်ပါ။

ကိုယ်က ဆိုရှယ်မီဒီယာကို ဆယ်ကျော်သက်ကလေးတွေကို ပေးမသိဘဲ ထိမ်ဝှက်ထားရင်တောင်မှ ဗီဒီယိုဂိမ်းတွေကို အွန်လိုင်းမှာ စကစားရာက တစ်ဆင့် ဆိုရှယ်မီဒီယာကို အနှေးနဲ့အမြန် သုံးလာကြမှာပါ။ အဲတော့ ကိုယ်က စပြီး ဆိုရှယ်မီဒီယာကို မိတ်ဆက်အသုံးပြုခွင့်ပေးမယ်၊ အသုံးပြုနည်းတွေကို အကြံဉာဏ်ပေးမယ်ဆိုရင် ကလေးနဲ့ အုပ်ထိန်းသူ နဲ့အကြားမှာလည်း ယုံကြည်မှုပိုတိုးပွားစေပါတယ်။ အဲတော့ အွန်လိုင်းပေါ်မှာ အန္တရာယ်ကြုံလာခဲ့ရင်တောင်မှ ကလေးက ကိုယ့်ကို တိုင်ပင်လာပါလိမ့်မယ်။

အသက်အရွယ်ကို Facebook ပေါ်မှာ အမှန်အတိုင်းဖော်ပြဖို့ တိုက်တွန်းပါ။

Facebook အသုံးပြုခွင့် အသက်အရွယ်က ၁၃ နှစ်ကစပါတယ်။  ဒါပေမယ့်လည်း users အများစုက အရွယ်ရောက်ပြီး သူတွေဖြစ်ပြီးတော့ Facebook  ပေါ်က content အများစုဟာလည်း အရွယ်ရောက်ပြီးသူတွေအတွက်ဖြစ်ပါ တယ်။ ဒါကြောင့် ကိုယ့်သားသမီးလေးတွေ Facebook စသုံးရင် အသက်ကို မှန်မှန်ကန်ကန်ထည့်ခိုင်းဖို့လိုပါတယ်။ ဒါဆို Facebook ပေါ်မှာ အသက် ၁၃ နှစ်ကနေ ၁၈နှစ်အောက်တွေအတွက် content တွေကို ခွဲခြားထားပေးလို့ မသင့်တော်တဲ့ content တွေ ဆယ်ကျော်သက်ကလေးတွေဆီကို မရောက်တော့ဘူးပေါ့။

အသက်ကို အမှန်ထည့်ထားတဲ့အခါ  အောက်မှာတွဲပြီးဖော်ပြပေးထားတဲ့ ဆယ်ကျော်သက်တွေအတွက် Facebook ပေါ် က  သီးသန့် features တွေကို သုံးနိုင်လို့ စသုံးတဲ့ ကလေးတွေအတွက် အနည်းနဲ့အများလုံခြုံစေပါတယ်။
၁။ Facebook ပို့စ်အသစ်တင်တဲ့အခါ သူငယ်ချင်းတွေနဲ့ သူငယ်ချင်းတွေရဲ့ Facebook ပေါ်က သူငယ်ချင်းတွေပဲ ကြည့်လို့ရမယ်။ ပို့စ်တွေကို public လုပ်လို့မရပါဘူး။ ဒါကြောင့် သူငယ်ချင်းတွေ၊ သိပြီးသားလူတွေနဲ့ပဲ ပို့စ်တွေ shareလို့ရတဲ့အတွက် ကိုယ်ရေးအချက်အလက်တွေလည်း အနည်းနဲ့အများ လုံခြုံတာပေါ့။
၂။ အရွယ်ရောက်ပြီးသူတွေလိုမဟုတ်ဘဲ ဆယ်ကျော်သက်တွေရဲ့ Facebook account ကို Public search က တစ်ဆင့်ရှာလို့မရပါဘူး။ ဒါကြောင့် သူစိမ်းတစ်ရံတွေရဲ့ အနှောင့်အယှက်ပေးမှုကို ကာကွယ်ပြီးသားဖြစ်ပါတယ်။
၃။ သူငယ်ချင်းတွေနဲ့ပဲ chat လုပ်လို့ရသလို သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေပဲ friend request ပို့လို့ရပါတယ်။
၎။ ဆယ်ကျော်သက်တွေရဲ့ အကောင့်ကို tag လုပ်ရာမှာ သူငယ်ချင်းတွေနဲ့ သူငယ်ချင်းတွေရဲ့ အသိတွေပဲမြင်ရပါတယ်။

အသစ်အသစ်ပြောင်းလဲနေတဲ့ social media ကို အမှီလိုက်ပါ။

social media အသုံးပြုတဲ့ ဆယ်ကျော်သက်ကလေးကို လမ်းပြပေးနိုင်ဖို့ social media ဂုရုကြီးဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် social media ရဲ့ nature ကိုတော့ လေ့လာထားဖို့လိုပါတယ်။  ဥပမာ Facebook မှာဆိုရင် မိဘတွေအတွက် ဆယ်ကျော်သက်ကလေးတွေ social media အသုံးပြုမှုကို guideline ပေးနိုင်ဖို့ လမ်းညွှန်ချက်တွေကို ဖော်ပြပေးထားတဲ့ Safety Center section ရှိပါတယ်။ အဲ့မှာ သိဖို့လိုအပ်တာတွေ၊ ကျွမ်းကျင်သူတွေရဲ့အကြံပေးချက်တွေကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

social media ပေါ်မှာ ရင်းနှီးမှုတည်ဆောက်ထားပါ။

ကိုယ့်ရဲ့ဆယ်ကျော်သက်ကလေးတွေကို social media မှာ Friend လုပ်ထားပါ။ social media ပေါ် ပို့စ်တွေကို အုပ်ထိန်းသူတွေ မမြင်ရအောင် privacy မခံဖို့ သဘောတူညီမှု ကြိုယူထားပါ။ အဲလိုလုပ်ထားမယ်ဆိုရင် ကိုယ့်ကလေးရဲ့ ပို့စ်လေးတွေမှာ ဘာတွေဖြစ်နေလဲဆိုတာကို မကြာမကြာစောင့်ကြည့်လေ့လာနိုင်တာပေါ့။ ဒါပေမယ့် သူတို့တွေရဲ့ပို့စ်တိုင်းကို ပြန်ပြီး မေးခွန်းထုတ်တာမျိုးတွေမလုပ်ပါနဲ့။ တစ်ချို့အရေးမကြီးတာတွေဆို မမြင်ချင်ယောင်ဆောင်ပေးပါ။ ဒါကလည်း ကလေးတွေရဲ့ သူတို့အချင်းချင်းကြားက လွတ်လပ်ခွင့်ကို အသိအမှတ်ပြု ရာရောက်တဲ့အတွက် ကိုယ့်ကို Facebook မှာ friend အဖြစ်ထားထားရတာကို သူတို့ ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ပါဘူး။

အွန်လိုင်းပေါ်မှာ လေးစားမှုပေးပါ။ မဝေဖန်ပါနဲ့။

ကလေးတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန် ကွန်းမန့်ပေးတာမျိုးတွေကို ရှောင်ပါ။ သူတို့ရေးထားတာလေးတွေ စာလုံးပေါင်းမှားတာပဲဖြစ်ဖြစ်၊ ကိုယ်မကြိုက်တာမျိုးတွေ သူတို့တင်မိလို့ပဲဖြစ်ဖြစ် အွန်လိုင်းပေါ်မှာ တိုက်ရိုက် ဝေဖန်တာ မျိုး လုံးဝမလုပ်ပါနဲ့။ သင်လွယ်တတ်လွယ်တဲ့အရွယ်တွေမို့  သူတို့တွေက ကိုယ်မသိအောင် လုပ်မယ်ဆိုရင်လည်း ဘာမှမတတ်နိုင် ပါဘူး။ ဒါကြောင့် အပေါ်မှာ ပြောထားသလို ကိုယ်က Friend အဖြစ်ရှိနေတာကို သူတို့ သိပ်တောင် သတိမထား မိလောက်တဲ့အနေအထားမျိုးဖြစ်အောင် လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။

social media ပေါ်မှာ ပို့စ်တင်တဲ့အခါ မတင်ခင် သေချာစဉ်းစားဖို့ အားပေးပါ။

ဆယ်ကျော်သက်အရွယ်တွေကြားမှာ သက်တူရွယ်တူအချင်းချင်းကြားက ဖိအား၊ သူငယ်ချင်းတွေအကြားမှာ ထင်ပေါ်လိုစိတ် စတာလေးတွေကြောင့် ဆရာကျချင်စိတ်နဲ့ ဘေးကသွေးထိုးတာတွေကို လိုက်လုပ်တတ်ကြပါတယ်။   မြန်မာနိုင်ငံမှာ ဆိုရင်အရွယ်ရောက်ပြီးသား users တွေအကြားမှာပါ social media  ပေါ်မှာ မျိုးစုံရေး ကြပြောကြ၊ အမုန်းပွားကြ၊ ပြဿနာတွေတက်ကြတဲ့အကြောင်းအရာတွေက တော်တော်များပါတယ်။ ဆယ်ကျော်သက်ကလေးတွေအနေနဲ့ဆိုရင် ဆင်ခြင်သုံးသပ်နိုင်စွမ်းက လူကြီးတွေလောက်မရှိသေးတဲ့အတွက် ပိုပြီး သတိထားရမှာပါ။ အီလက်ထရောနစ်ဥပဒေနဲ့ ငြိစွန်းနိုင်တဲ့ ပို့စ်တွေ ရေးမိ၊ ရှဲမိတဲ့အခါ မလိုအပ်ဘဲ ဒုက္ခများတတ်တဲ့ အတွက် ဥပမာပေးပြီး နားလည်အောင် အသိပေးပြောပြထားဖို့လိုပါတယ်။

အွန်လိုင်းပေါ်မှာတင်မကပါဘူး။ ဆယ်ကျော်သက်ကလေးတွေကို ထိန်းကျောင်းတဲ့အခါ ဆူပူရိုက်နှက်ဆုံးမတာတွေက ထိရောက်တဲ့နည်းလမ်းမဟုတ်ဘူးဆိုတာကို သတိပြုဖို့လိုပါတယ်။ အဲ့အစား အကျိုးအကြောင်းကို နားလည်အောင် ရှင်းပြပြီး နည်းပေးလမ်းပြလုပ်ပေးနိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်း သိသလောက်မှတ်သလောက်   ဖော်ပြပေးလိုက်ပါတယ်။ မိဘတွေအတွက် အသုံးဝင်မယ့်တခြားနည်းလမ်းလေးတွေသိရင်လည်း comment က တစ်ဆင့် ဝေမျှပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

 

Words by Insightgiveaways

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s