မာ(လ်)တာ (Malta) ကျွန်းစုနိုင်ငံလေးဟာ မြန်မာပြည်မှာ လူသိနည်းပေမယ့် နိုင်ငံတကာ ခရီးသွားဖိုရမ်တွေ မှာတော့ ထိပ်ပြေးတဲ့ နေရာတစ်ခုပါ။ ရန်ကုန်မြို့ရဲ့ ထက်ဝက်ကျော်လောက်ပဲကျယ်ဝန်းတဲ့  Malta ရဲ့ ထူးခြား ချက်ကတော့   ဒီလို အကျယ်အဝန်းသေးသေးလေး ထဲမှာ လူတိုင်းအတွက် ရင်သပ်ရှုမောဖွယ်တွေ ရှိနေလို့ပါပဲ။ ဥရောပကို ခြေဆန့်ချင်သူတွေအတွက်တော့ top destination တစ်ခုဖြစ်လို့ ဒီကျွန်းနိုင်ငံလေးအကြောင်း တစ်စေ့တစ်စောင်း လေ့လာကြည့်ကြပါစို့။

ဘယ်မှာတည်ရှိတာလဲ?

 Malta ဟာ မြေထဲပင်လယ်ထဲမှာ တည်ရှိတဲ ကျွန်းစုနိုင်ငံလေးတစ်ခုဖြစ်ပြီး microstates လို့ခေါ်တဲ့ လူဦးရေ နဲ့   မြေဧရိယာ အနည်းဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ် ပြီးတော့   ငွေကြေး ယူနစ်  အနေနဲ့ကတော့ ယူရိုငွေသုံးစွဲပါတယ်။ Maltaရဲ့ ကျွန်းလေးတွေထဲကမှ အကြီးဆုံး ကျွန်းတွေဖြစ်တဲ့ မာ(လ်)တာ၊ ဂိုးဇို (Gozo)နဲ့ ကိုမီနို (Komino) ကျွန်းတွေမှာပဲ လူနေထိုင်ပါ တယ်။   ဒေသခံဘာသာစကား (Maltese) နဲ့  အင်္ဂလိပ်စကားနှစ်မျိုးလုံးသုံးပါတယ်။ နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး အနေနဲ့ကတော့ ပထဝီဝင်အနေအထားအရ မြေအောက်ရထားဆောက်လုပ်ဖို့ မလွယ်သလို ယခင်ကရှိခဲ့တဲ့ ရထားလမ်း ကိုလည်း ဖျက်သိမ်းလိုက်တဲ့အတွက် မော်တော်ကားကိုပဲအဓိက သုးကြပါတယ်။  ဒေသခံတိုင်းလိုလို ကားပိုင်ရှိ ပြီးတော့ နိုင်ငံ တွင်း ကားအစီးရေက လူဦးရေထက်တောင် ပိုများတယ်လို့ ပြောစမှတ်ရှိကြပါတယ်။  Malta က လမ်းအများစုက ကျဉ်းတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတော့ များပါတယ်။  တစ်ကျွန်းနဲ့ တစ်ကျွန်းကူးရင်တော့ ကူးတို့ သင်္ဘော၊ ဒါမှမဟုတ် စက်လှေသုံးကြပါတယ်။ Malta ဟာ တစ်နှစ်ပတ်လုံး ခရီးသွားဧည့် သည်တွေနဲ့  ပြည့်နေ  တတ်ပြီး တစ်နှစ်ကို ပျမ်းမျှကမ္ဘာလှည့်ခရီးသည်ပေါင်း ၁.၆မီလီယံခန့်ရှိပါတယ်။ ဒီပမာဏဟာ Maltaလူဦးရေ ထက်      ၃ ဆ ကျော်များပါတယ်။ ဘာကြောင့် ဒီလောက်ခရီးသွားတွေအလာများတာပါလဲ???

Malta က လူတိုင်းအတွက်ပါ။
malta-harbour-boatsfltgraph-com

photo reference: fltgraph.com

 Malta ကို လူကြိုက်များရတဲ့ နံပါတ် ၁ အကြောင်းပြချက်ကတော့ Malta က လူတိုင်းပျော်ရွှင်စေတဲ့ နေရာမို့ပါပဲ။ မိသားစု အပန်းဖြေဖို့ပဲဖြစ်ဖြစ်၊ ရေကူး၊ ရေငုတ်၊ diving ၊ surfing စတဲ့ Water sports တွေလုပ်ဖို့ အတွက်ပဲဖြစ်ဖြစ်၊ ညမီးရောင်စုံကပွဲတွေအတွက်ပဲ ဖြစ်ဖြစ်၊ ပင်လယ်ကြီးရဲ့ သဘာဝအလှတွေကို ခံစားချင်လို့ပဲဖြစ်ဖြစ် ဒီရင်သက်ရှုမောဖွယ်ကျွန်းနိုင်ငံလေးက အသက်အရွယ်မရွေးအတွက် စိတ်ဝင်စားစရာတစ်မျိုးမဟုတ် တစ်မျိုး   ပေးစွမ်းနေ    ပါတယ်။ တစ်နေရာတည်းမှာ သမိုင်းကြောင်း ခမ်းနားပြီး အပန်းလည်း ဖြေနိုင် တဲ့နေရာဖြစ်လို့ နိုင်ငံတကာ က  လာရောက်လည်ပတ် ကြသူတွေကို တစ်နေရာတည်းမှာ စုဝေးတွေ့နေရတာပါ။

ယဉ်ကျေးမှုဗဟိုချက်
easyjetmalta

photo reference: easyjet.com

Maltaဟာ သမိုင်းတစ်လျှောက် စစ်ရေးအရ ရေကြောင်းပိုင်းမှာ ခယာကျတဲ့နေရာမှာတည်ရှိတဲ့အတွက် သမိုင်း မဝင်ခင် ခေတ်ကတည်းကစလို့ အင်ပါယာအများစုရဲ့ မကြာမကြာသိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ယဉ်ကျေးမှုတွေရော ယှက်နေတဲ့ သမိုင်းကြီးတဲ့နေရာဖြစ်ပါတယ်။ ဒီလိုနိုင်ငံကျဉ်းကျဉ်းလေးထဲမှာ သမိုင်းမဝင်ခင်ခေတ်က ဘုရား ကျောင်း   တွေ၊  ရောမမြေအောက်သင်္ချိုင်းတွေကစလို့ ခေတ်လယ်ပိုင်းမြို့တော်တွေပါ တစ်စုတစ်ဝေးထဲ တည်ရှိနေ ပါတယ်။ အဆောက်အအုံတွေ၊ လမ်းတည်ဆောက်ထားပုံတွေက အာရပ်နိုင်ငံတွေနဲ့ ဆင်တူပြီး နေထိုင်မှုပုံစံကတော့ ဥရောပ ပိုဆန်ပါတယ်။ ယူနက်စကို ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲမှာပါဝင်တဲ့ မြို့တော် ဗာလတ်တာ (Valetta) နဲ့ ဆိတ်ငြိမ် မြို့တော် မဒီးနား(Mdina) တို့ကတော့ Maltaရဲ့ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေကို   လေ့လာ ဖို့အကောင်း ဆုံးနေရာတွေပဲဖြစ်ပါတယ်။ လွတ်လပ်ရေးမရခင်အထိ ဗြိတိသျှက Malta ကို နောက်ဆုံးသိမ်းပိုက်ထားခဲ့တာဖြစ်တဲ့အတွက် အင်္ဂလိပ်စာတိုက်ပုံးနီနီတွေနဲ့ ဖုန်းရုံနီနီလေးတွေကိုလည်း နေရာအနှံ့တွေ့ရပါတယ်။

လှသထက်လှနေတဲ့ ပင်လယ်ပြာ

Yachts in blue lagoon at Comino - Malta

Maltaဟာ အများအားဖြင့်တော့ လှပလွန်းလှတဲ့ ကမ်းခြေ တွေကြောင့် ထင်ရှားပါတယ်။ ရေကူးဖို့ အတွက်    ဆိုရင်တော့ ရေပြာအိုင် (blue lagoon)၊ နူးညံ့တဲ့ သဲသောင်ကမ်းခြေ ဆိုရင် တော့ Golden Bay ၊ Water sports အတွက် ဆိုရင် မလီဟာပင်လယ် အော် (Mellieha Bay) စသဖြင့် ကိုယ့်အကြိုက် ပေါ် မူတည် ပြီး ကမ်းခြေတွေ အမျိုးမျိုး ရွေးနိုင်ပါတယ်။ ဒါ့အပြင် ဂူတွေ၊ camping နေရာတွေလည်း အများကြီးရှိတဲ့ အတွက် ရွက်ဖျင်တဲလေး ထိုးနေပြီး သဘာဝရဲ့အရသာကို အပြည့် အဝ ခံစား ရုံပါပဲ။ နေစရိတ်လည်း ချွေတာ ပြီးသား ဖြစ်တာပေါ့။

ဉရောပရဲ့ အကောင်းဆုံးရာသီဥတု

Malta ရဲ့ ရာသီဥတုကတော့ တစ်နှစ်ပတ်လုံး ကောင်းမွန်ပြီး နွေရာသီမှာဆို အပူချိန်က ၃၅ ဒီဂရီ ဆဲလ်စီးရက်စ်  လောက် ရှိပြီး ဆောင်းတွင်းမှာတောင်ပျမ်းမျှ ၁၅ဒီဂရီလောက် ပဲရှိတာမို့ အအေးကြောက်တတ် သူတွေအတွက် တော့ အကိုက်ပါပဲ။ ဒါကြောင့်လည်း Malta က တစ်နှစ်ပတ်လုံးမှာ ဧည့်သည်တွေနဲ့ ပြည့်နေတာပါ။ ငွေချွေတာချင်သူတွေ ကတော့ လေယာဉ်ဈေးရော၊နေထိုင်စရိတ်ပါသက်သာတဲ့ ဆောင်းတွင်းပိုင်းကို ရွေးပြီးသွားရင်ပိုကောင်းပါတယ်။   နွေရာသီမှာဆိုရင်တော့ တစ်ဖက်က တစ်ရာသီလုံး ဘာသာရေးပွဲတော်တွေကျင်းပနေသလို တစ်ဖက်မှာတော့ လူငယ်တွေ ကျောင်းပိတ်ရက် အလည်   လာတာများတဲ့   အတွက် ညမီးရောင်စုံကပွဲတွေလည်း တိုးမပေါက်နိုင်အောင် စည်ကားပါတယ်။

အသွင်ပြောင်း မြေထဲပင်လယ်စာ
pastizzi-cafe-newtown-15

Kyla40.com

Malta ဟင်းလျာက ယေဘူယျအားဖြင့်တော့ အီတလီစာနဲ့အတော်လေး ဆင်တူပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ ဆိုရင်တော့ အီတလီခေါက်ဆွဲ (pasta)ကို ဂျုံနဲ့ထပ်ဆင့်ဖုတ်ထားတဲ့ Timpana ကတော့ Malta ရဲ့ အသွင်ပြောင်း pasta ဟင်းလျာပါ။ ဒေသခံတွေကို Malta ရဲ့ National dish က ဘာလဲလို့မေးမိရင်တော့ ယုန်စတူး (Stew) ဟင်းကို ညွှန်းကြပါလိမ့်မယ်။ ယုန်စတူးကို အီတလီခေါက်ဆွဲနဲ့တွဲပြီးလည်း စားကြပါတယ်။  လမ်းဆုံလမ်းထောင့်   လေးတွေမှာတော့ ဟင်းနုနွယ်၊ ပဲ၊ ချိစ် စသဖြင့် တစ်မျိုးမျိုးကို ဂျုံထဲထည့် အစာသွပ်ထားတဲ့ pastizzi လို့ခေါ်တဲ့ မုန့်ဆိုင်တွေကို တွေ့နိုင်ပါတယ်။ pastizzi ကတော့ တစ်ခုကို ယူရို ပြား၃၀ လောက်ကျသင့်ပြီးတော့ အင်္ဂလိပ်လက်ဖက် ရည် (လက်ဖက်ရည်ကို နို့နဲ့ ဖျော်တာ)နဲ့ဆို အကိုက်ပါပဲ။ မာ(လ်)တာမနက်စာကို pastizzi ၂ ခုနဲ့ လက်ဖက်ရည်တစ်ခွက်နဲ့မှ ၁ ယူရို လောက်ပဲကုန်ပါတယ်။

Games of Throne fan တွေအတွက် အိပ်မက်တစ်ခု

HBO က တင်ဆက်နေတဲ့ Games of Throne တီဗီ စီးရီးကို အရူးအမူး ကြိုက်တဲ့ ပရိသတ် တွေအတွက် တော့ Malta က စိတ်ကူးယဉ်ကမ္ဘာလေးတစ်ခုပါပဲ။ Games of Throne ရဲ့ ရှေ့ပိုင်းစီးရီးတွေကို Azure Window ၊ မဒီးနားမြို့ ၊ သမ္မတအိမ်တော်ဟောင်းတွေအပါအဝင်  Malta ရဲ့ နေရာအတော်များများမှာ ရိုက်ကူးထားတာပါ။ အဲ့ထဲက တစ်ချို့ပုံလေးတွေကို ကြည့်ရင်း Malta ခရီးအတွက် အိပ်မက်လေးတွေ မက်ကြည့်ကြပါစို့။

where-is-it_1

14454028_10207472773123241_888971646_o

where-is-it_3

Words by Insightgiveaways!

Save

Save

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s