Insightgiveaways က ဒီတစ်ပတ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းက နာမည်ကြီးဒေသစာဖြစ်တဲ့ နမ်တောက်အသားကင်သုပ် လုပ်စားဖြစ်လို့ ချဉ်ငံစပ်အသုပ်မျိုးကြိုက်သူတွေအတွက် ချက်နည်းလေး ဝေမျှပေးလိုက်ပါတယ်။ ထိုင်းအသားကင်သုပ်အတွက် ကြိုက်နှစ်သက်ရာအသားကို သုံးနိုင်ပါတယ်။ Steak လိုမျိုးကင်ထားတဲ့ အမဲသားကတော့ အကောင်းဆုံးမို့ ဒီချက်နည်းထဲမှာတော့ အမဲသားကိုသုံးပါမယ်။  ကဲ စချက်လိုက်ရအောင်။

အသားကင်သုပ်ဖြစ်လို့ ဒီဟင်းချက်နည်းမှာ အသားနယ်ပြီးကင်တာက တစ်ဆင့်၊ နောက်ပြီး အသုပ်သုပ်တာက တစ်ဆင့် ၊ အဆင့်နှစ်ဆင့် ပါပါတယ်။

အသားနယ်ဖို့ပါဝင်ပစ္စည်းတွေကတော့ …..

အမဲသား ၂၀ ကျပ်သား
ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်း
ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
သံပုရာသီးအရည် စားပွဲတင်ဇွန်း ၁ ဇွန်း
သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
ကြက်သွန်ဖြူ ၁ မွှာ (နုတ်နုတ်စဉ်းထားပါ)
ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း တို့ပဲဖြစ်ပါတယ်။

အရင်ဆုံး အသားနှပ်ဖို့ ဆော့စ်အတွက် ပါဝင်ပစ္စည်းတွေအားလုံးထဲပြီး ခဏမွှေပေးပါ။ ပြီးရင်တော့ ဇစ်ပါတဲ့ ပလတ်စတစ်အိပ် (မရှိရင်တော့ အသားတွေထဲကို ဆော့စ်အညီအမျှ ပျံ့ဝင်နိုင်မယ့် ဘူးမျိုး) ထဲ အသားထည့်၊ ဆော့စ်ထည့်ပြီး ဖွဖွနယ်ပေးပါ။ နှပ်ထားတဲ့အသားကို ၂နာရီကနေ ၃ နာရီလောက်အထိ ရေခဲသေတ္တာထဲမှာထည့်ထားပါ။ မကင်ခင်မှာ ရေခဲသေတ္တာထဲကထုတ်ပြီး ၁နာရီလောက်  အခန်းအပူချိန်မှာ ထားထားပေးပါ။ ကင်ခါနီးမှ ရေခဲသေတ္တာထဲက ထုတ်ပြီး တန်းကင်ရင် အသားက အေးနေတဲ့အတွက် အကျက်နှေးပြီးတော့ ကြာကြာကင်ရတဲ့အတွက် အသားကလည်း ခြောက်သွားတတ်ပါတယ်။ အချိန်မရရင်တော့ အသားနယ်ပြီး တစ်နာရီလောက်ကို အခန်းအပူချိန်မှာပဲနှပ်ထားပြီးမှ ကင်ပါ။ ကင်တဲ့နှုန်ထားကတော့ မကျက်တကျက်ပဲဖြစ်ဖြစ်၊ ကျက်အောင်ပဲဖြစ်ဖြစ် ကိုယ့်အကြိုက်ပေါ်မူတည်ပြီး ကင်နိုင်ပါတယ်။ oven တို့ grill တို့မရှိရင်လည်း ဒယ်ပြားထဲထည့်ပြီး ကင်လို့ရပါတယ်။ အသားကင်ပြီးရင် ခဏအအေးခံထားပြီးတော့ အနေတော်တစ်ကိုက်စာအရွယ်လေးတွေတုံးထားပါ။

nam tok

photo reference: kwangskitchen.com

အသုပ်သုပ်ဖို့ပါဝင်ပစ္စည်းတွေကတော့

ကြက်သွန်နီအသေး ၂ လုံး (ပါးပါးလှီးထားပါ)
စပါးလင်အနည်းငယ် (ပါးပါးလှီးထားပါ)
နံနံပင် အနည်းငယ် (ပါးပါးလှီးထားပါ)
ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ)
ပူစီနံ အနည်းငယ် (အရွက်သေးရင် အရွက်လိုက်၊ အရွက်ကြီးရင် အနေတော်လေးလှီးထားပါ)
ပင်စိမ်း အနည်းငယ်(ခြွေထားပါ)
ဆန်လှော်ထောင်း စားပွဲတင်ဇွန်း ၁ ဇွန်း သို့ ၂ ဇွန်း
ငရုတ်သီးမှုန့်
ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
သံပုရာသီးအရည် စားပွဲတင်ဇွန်း ၂ ဇွန်း ပါ။

အသုပ်သုပ်တဲ့အဆင့်ကတော့ အရမ်းကို လွယ်ကူမြန်ဆန်ပါတယ်။ တစ်ခုပါပဲ။ အဲဒါကတော့ ဆန်လှော်ထောင်းပါ။ မုန့်ဟင်းခါးချက်ရင်ထည့်တဲ့ ဆန်လှော်ထောင်းကို တစ်ချို့ ကိုယ်တိုင် ဆန်ကို လှော်ပြီးထည့်သလိုမျိုး ဒီအသုပ်မှာထည့်တဲ့ဆန်လှော်ထောင်းကလည်း အတူတူပါပဲ။ ဒယ်အိုးကို အပူပေးပြီး ပူလာရင် ဆန်စေ့တွေထည့်ပြီး မီးအေးအေးနဲ့ ရွှေညိုရောင်သန်းလာတဲ့အထိ လှော်ပေးရမှာပါ။ ပြီးရင်တော့ လှော်ထားတဲ့ ဆန်ကို ငရုတ်ဆုံထဲထည့်ပြီးထောင်းရုံပါပဲ။ မထောင်းချင်ရင်တော့ ကော်ဖီကြိတ်စက်ထဲထည့်ပြီးလည်း အမှုန့်ကြိတ်နိုင်ပါတယ်။ အသုပ်သုပ်မယ့်ပန်းကန်ထဲကို ကြက်သွန်နီပါးပါးလှီးထားတာနဲ့ ကျန်တဲ့အရွက်စိမ်းတွေထည့်။ ပြီးရင် ဆန်လှော်မှုန့်၊ ငရုတ်သီးမှုန့်၊ ငါးငံပြာရည်တို့ထည့်ပြီး နယ်ပေးပါ။ ပြီးရင်တော့ အမဲသားကင်ကို အနေတော်အတုံးလေးတွေတုံးထားတာ ထည့် မွှေပြီးစားရုံပါပဲ။

ဒီအသားကင်သုပ်က အသားကိုပဲ အဓိကထားတာမို့ ဆလပ်ရွက်၊ သခွားသီးလေးတွေပါးပါးလှီးပြီး တွဲစားလို့ကောင်းပါတယ်။ အသုပ်ချည်းပဲစားစား၊ ထမင်းပူလေးနဲ့တွဲစားစား ရှယ်မှရှယ်ပါပဲ။ပိတ်ရက်မှာ အထူးတလည်ချက်စားဖြစ်တဲ့ဟင်းတွေရှိရင်လည်း တခြားသူတွေ အိုင်ဒီယာရအောင် comment box မှာ ရှဲပေးကြပါဦးလို့။

Words by Insightgiveaways

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s