အသစ်လေးထွက်လို့၊ လှလို့ ဆိုပြီး အသုံးမလိုဘဲ ဝယ်ထားမိတဲ့ ပစ္စည်းတွေ အိမ်မှာ ဘယ်လောက်များများစုပုံနေပြီလဲ။ မလိုအပ်တာတွေကို အွန်လိုင်းမှာ ရောင်းပြီး ငွေပြန်ပေါ်အောင် လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ ရောင်းမယ့် ပစ္စည်းအမျိုးအစား၊ တည်နေရာ၊ ပစ္စည်းအကြောင်း အသေးစိတ်ဖော်ပြချက်၊ ဈေးနှုန်းနဲ့ ဓာတ်ပုံတင်ပြီး ရောင်းလိုက်ရုံပဲမဟုတ်လား။ ဒါပေမယ့် တစ်ကယ့်တစ်ကယ် ရောင်းတော့မယ်ဆိုရင် သုံးရတာလွယ်ကူမယ့်၊ မြန်မြန်နဲ့ ရောင်းထွက်နိုင်မယ့်နည်းတွေကို စဉ်းစားဖို့လိုလာပါတယ်။ အဲတော့ အွန်လိုင်းကနေ အရောင်းအဝယ်လုပ်တဲ့အခါ ဘယ်လို app တွေ၊ website တွေ သုံးရင်ကောင်းမလဲဆိုတာ စုစည်းဖော်ပြပေးလိုက်ပါတယ်။

တစ်ခုချင်းစီ အသေးစိတ်မဖော်ပြခင်မှာ အားလုံးမှာ ဘုံပါဝင်နေတဲ့ အချက်ကလေးတွေကို အရင်ဆုံးကြည့်လိုက်ရအောင်။ ဒီမှာ ဖော်ပြပေးသွားတဲ့ app တွေ၊ website တွေ အားလုံးဟာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာသုံးနိုင်ပြီး အခမဲ့ကြော်ငြာတင်နိုင်ပါတယ်။ ဆိုရှယ်မီဒီယာတွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် ကိုယ်ကြိုက်တာလေး၊ တန်တာလေးတွေ့ရင် သူငယ်ချင်းတွေနဲ့ share လို့ရပါတယ်။ ပစ္စည်းအမျိုးအစားတွေခွဲခြားထားပြီးတော့ ဝယ်သူတွေအနေနဲ့ category အလိုက် တန်းရှာနိုင်ပါတယ်။ ပရိုမိုးရှင်းအစီအစဉ်တွေလည်း အပြိုင်အဆိုင်ရှိတဲ့အတွက် ဆိုက်ဒ်တွေသုံးရင်း ကံလည်းစမ်းရင်းပေါ့။ အွန်လိုင်းအရောင်းအဝယ်လုပ်တဲ့နေရာမှာ လိုအပ်နိုင်တဲ့အကြံဉာဏ်တွေကိုလည်း အသီးသီး ဖော်ပြပေးထားပါတယ်။

၁။ Ads.com.mm

Screen Shot 2017-03-21 at 15.00.19

Ads.com.mm ကတော့ လောလောဆယ်မှာ အသုံးပြုသူအများဆုံးနဲ့ မြို့ပေါင်း ၂၁၀ ကျော်အထိ ဖြန့်ကျက်ထားနိုင်တဲ့ အခမဲ့ကြော်ငြာတွေတင်ပြီး ရောင်းဝယ်နိုင်တဲ့ website ပါ။ ကိုယ်ရှာချင်တဲ့ မြို့အလိုက် တန်းရှာလို့ရပြီး တစ်ကိုယ်ရည်အတွက်ရော စီးပွားရေးလုပ်နေသူတွေပါ ရောင်းဝယ်နိုင်ပါတယ်။ အလုပ်အကိုင်ကြော်ငြာတွေကိုပါ တစ်နေရာတည်းမှာ ရှာနိုင်ပေမယ့် ကျောက်မျက်ရတနာတွေနဲ့ ဆေးဝါးတွေကိုတော့ ဒီဆိုက်ဒ်မှာ ပေးမရောင်းပါဘူး။ application မရှိသေးပေမယ့် mobile display ပါတဲ့အတွက် မိုဘိုင်းဖုန်းကတစ်ဆင့် သုံးမယ်ဆိုလည်း လွယ်လွယ်ကူကူ သုံးနိုင်ပါတယ်။
အားသာချက်ကတော့ လူအများဆုံးသုံးတဲ့ website ဖြစ်လို့ မြန်မြန်ရောင်းထွက်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။ ကိုယ်သုံးလို့အဆင်မပြေတဲ့အခါ Viber ကနေ ကုမ္ပဏီကို ဆက်သွယ်အကူအညီတောင်းနိင်ပါတယ်။ ကိုယ်ကရောင်းသူဆိုရင် ကိုယ့်ကြော်ငြာကို ထိပ်ပိုင်းမှာ မြင်စေချင်ရင်တော့ တစ်ရက်ကို ပျမ်းမျှ ၉၀၀ ကျပ်နှုန်းနဲ့ ကြော်ငြာနိုင်ပါတယ်။ ကျပ်ငွေတစ်မျိုးတည်းနဲ့ပဲ ရောင်းလို့ရတဲ့အတွက် နိုင်ငံခြားငွေနဲ့ဝယ်ထားတဲ့ ပစ္စည်းတွေကိုတော့ မြန်မာငွေနဲ့ တွက်ချက်ပြီးမှ ရောင်းရမှာဖြစ်ပါတယ်။ ပြီးတော့ စီးပွားရေးလုပ်သူတွေ အများဆုံးအသုံးပြုတာများပြီး တစ်ဉီးချင်းရောင်းတာလား၊ ဆိုင် (သို့) ကုမ္ပဏီကရောင်းတာလားဆိုတာကို စစ်ထုတ်ပြီးရှာလို့မရပါဘူး။ ။

၂။ Red dot ZAY

Screen Shot 2017-03-21 at 15.04.26

Red dot ZAY ကတော့ desktop version ပဲ သုံးလို့ရပါတယ်။ အဓိကအားသာချက်တွေကတော့ ရောင်းသူတွေအနေနဲ့ ဝယ်သူက တိုက်ရိုက်ဖုန်းနံပါတ်မမြင်ရဘဲ ကိုယ်ရောင်းတဲ့ပစ္စည်းကို စိတ်ဝင်စားလို့ ကိုယ့်ကို ဆက်သွယ်ဖို့ website ကြားခံပြီးအရင်ဆုံးဆက်သွယ်ရတာမို့ ကိုယ်ရေးအချက်အလက်လုံခြုံပါတယ်။ အသုံးပြုသူ အရေအတွက်အသင့်အတင့်ရှိပြီးတော့ Red dot Pay စနစ်ပါလို့ အွန်လိုင်းကတစ်ဆင့် Red dot Pay နဲ့ ချိတ်ဆက်ထားတဲ့ ပြည်တွင်းဝန်ဆောင်မှုတွေအတွက် ငွေချေရာမှာ သုံးနိုင်ပါတယ်။ ပစ္စည်းအများကြီးရောင်းသူတွေအတွက်လည်း ကိုယ်တင်ထားတဲ့ ကြော်ငြာတွေရဲ့ statistics ကိုသိနိုင်လို့ ဒီကြော်ငြာကိုတော့ ဘယ်နှစ်ယောက်လောက်စိတ်ဝင်စားလဲ စသဖြင့်သိနိုင်ပါတယ်။ GeoMap စနစ်ပါလို့ တည်နေရာကို အခြေခံပြီးအရောင်းအဝယ်လုပ်နိုင်ပါတယ်။ ကြော်ငြာတင်သူတွေအနေနဲ့ ကိုယ့်ကြော်ငြာကို ထိပ်ပိုင်းမှာ မြင်စေချင်ရင် Premium member ကြေးပေးပြီး ကြော်ငြာနိုင်ပါတယ်။

၃။ Fastsell

C4Ex0_aUMAAov0L
ဗီယက်နမ်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Fastsell ကတော့ အွန်လိုင်းမှာ အရောင်းအဝယ်လုပ်တဲ့ android application ပဲဖြစ်ပါတယ်။  Reddot zay လိုပဲ Geo Map စနစ်ပါလို့ တည်နေရာကို အခြေခံပြီး အရောင်းအဝယ်လုပ်နိုင်သလို social media တွေမှာ လို ရောင်းသူဝယ်သူတွေကို follow လုပ်ထားတာမျိုးတွေ၊ ပြီးတော့ ကိုယ်ဝယ်ယူပြီးတဲ့ပစ္စည်းကောင်းမကောင်း review ပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ လောလောဆယ်တော့ မြန်မာပြည်မှာစတာသိပ်မကြာသေးလို့  သိပ်အသုံးမများသေးတဲ့အတွက် ads.com.mmm နဲ့ယှဉ်ရင်တော့ အသုံးပြုသူနည်းနေသေးပါတယ်။ ဒါပေမယ့်  Fastsell ရဲ့ Facebook Page က engagement အားကောင်းပြီး တည်နေရာပေါ်မူတည်ပြီး ရောင်းဝယ်နိုင်လို့ သိပ်မကြာခင်အတွင်းမှာ အသုံးပြုသူ အတော်လေးများလာနိုင်ချေရှိပါတယ်။ အွန်လိုင်းဈေးကွက်နဲ့ မရင်းနှီးသူတွေအတွက် အသုံးပြုပုံ ဗီဒီယိုလေးတွေကို Fastsell ရဲ့ Facebook Page မှာ မြန်မာလို ဖော်ပြပေးထားပါတယ်။ မြန်မာမှာကလည်း ဖုန်းနဲ့အများဆုံး အွန်လိုင်းတက်ကြတာဆိုတော့ ဒီ app ကို သုံးရတာ အဆင်ပြေမှာပါ။ ဒါပေမယ့် Iphone ကိုင်သူတွေအတွက် iOS မရှိသေးသလို website ပေါ်မှာလည်း တိုက်ရိုက်သုံးလို့မရတာတော့ Fastsell ရဲ့ လက်ရှိအားနည်းချက်ပါပဲ။ ပြီးတော့ စောစောကပြောထားသလို လက်တလောမှာရောင်းချချင်သူတွေအနေနဲ့ဆိုရင်တော့ Fastsell ရဲ့ရောင်းအားကသိပ်မရှိသေးဘူး ဆိုတာ သိထားဖို့ပါ။

၎။ ClickZay.com

ClickZay ရဲ့အဓိက အားသာချက်ကတော့ ဝယ်သူတွေအနေနဲ့ ကိုယ်လိုချင်တဲ့ပစ္စည်းကို တစ်ဉီးချင်းရောင်းတာနဲ့ ကုမ္ပဏီကရောင်းတာခွဲပြီး ရှာနိုင်သလို ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းအနည်းဆုံးကနေ အများဆုံးအထိ တိုက်ရိုက်ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ လောလောဆယ်မှာ ရန်ကုန်နဲ့မန္တလေးမှာပဲ အဓိကသုံးတဲ့သူများတာပါပဲ။  ads.com.mm လိုမျိုး Viber ကနေ အလွယ်တကူလှမ်းမေးလို့မရဘဲနဲ့ contact form က တစ်ဆင့်ဘဲ လှမ်းဆက်သွယ်နိုင်ပါတယ်။ မြန်မာလိုရော အင်္ဂလိပ်လိုရောသုံးနိုင်ပေမယ့် Menu ကတစ်ဆင့် ကြည့်မယ်ဆိုရင် အင်္ဂလိပ်လိုပဲရေးထားတာ၊ ကြော်ငြာတင်ရင် လိုက်နာရမယ့်စည်းကမ်းတွေကို မြန်မာလိုဖော်မပြထားတာတွေက အသေးအဖွဲလေးဆိုပေမယ့် အင်္ဂလိပ်စာအားနည်းသူတွေအတွက်ဆိုရင်တော့ ClickZay က သိပ်မကိုက်ပါဘူး။ အလှမ်းဝေးတဲ့ ချင်း၊ ကချင်နဲ့ ရခိုင်ဒေသတွေကလွဲပြီး ကျန်ဒေသတွေမှာ တွင်တွင်ကျယ်ကျယ်သုံးနိုင်ပါတယ်။

၅။ Wae Yaung (website)

“Wae Yaung” က Function အများစုကတော့ ads.com.mm နဲ့အလားတူပေမယ့် “Wae Yaung” မှာတော့ ဝယ်သူတွေပစ္စည်းရှာတဲ့အခါ  ဒေသအလိုက်ပဲရှာလို့ရပြီးတော့ မြို့အလိုက်ရှာလို့မရပါဘူး။
အရောင်းအဝယ်လုပ်တဲ့နေရာမှာ ဈေးနှုန်းကို ကျပ်ငွေအပြင်၊ အမေရိကန်ဒေါ်လာနဲ့ ယူရိုတို့နဲ့ပါ သတ်မှတ်နိုင်ပါတယ်။ ဒီဆိုက်ဒ်ကတော့  လက်ဝတ်ရတနာနဲ့ဆေးဝါးရောင်းဝယ်မှုတွေကို တားမြစ်ထားတာမရှိပါဘူး။ အလုပ်အကိုင်တွေပါ ရှာလို့ရတယ်လို့ ဆိုထားပေမယ့် လောလောဆယ်တော့ ကြော်ငြာတင်သူမရှိသေးတာ တွေ့ရပါတယ်။ အားသာတဲ့တစ်ချက်ကတော့ ရောင်းသူအနေနဲ့ ကိုယ်ရောင်းမယ့်ပစ္စည်းဖော်ပြချက်နဲ့ ဓာတ်ပုံတင်ပြီးတဲ့အခါ ကြော်ငြာမတင်ခင် ဝယ်သူတွေကြည့်ရင် ဘယ်လိုလေးပေါ်မယ်ဆိုတာကို Preview ကတစ်ဆင့်သိနိုင်တဲ့အတွက် ကိုယ့်ပစ္စည်းကို စိတ်ဝင်စားအောင် လုပ်တဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။ Wae Yaung မှာ ads.com.mm လိုပဲ viber customer service ဝန်ဆောင်မှုပါပါတယ်။  Application မရှိသလို mobile display မပါတဲ့အတွက် မိုဘိုင်းဖုန်းနဲ့ သုံးမယ်ဆိုရင်တော့ နည်းနည်းကသီနိုင်ပါတယ်။ Ads.com.mm လိုပဲ viber က တစ်ဆင့် customer service ရယူနိုင်ပါတယ်။ Wae Yaung Facebook page ကတော့ ၂၀၁၄ ခုနှစျနောကျပိုငျးကစလို့ active မဖွစျတော့တာတှေ့ရပါတယျ။ တခွားပေးထားတဲ့ ဆိုကျဒျတှေ အဆငျမပွမှေသာ backup အနနေဲ့သုံးဖို့ သိထားရုံဖောျပွပေးလိုကျပါတယျ။


Learn More, Live Better!

 

Words by Insightgiveaways!

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s