စီဆီလီကျွန်းဟာ မြေထဲပင်လယ်ထဲက အကြီးဆုံးကျွန်းဖြစ်ပြီးတော့ ပြီးခဲ့တဲ့လက တင်ဆက်ပေးထားတဲ့ Malta နဲ့လည်း အတော်လေး အလှမ်းနီးပါးတယ်။ စီဆီလီ လို့ ပြောရင် မာဖီးယားဂိုဏ်းအစပြုရာနေရာအဖြစ်သာ လူသိများပေမယ့် စီဆီလီရဲ့ သဘာဝအလှပတ်ဝန်းကျင်နဲ့ နှစ်လိုဖွယ် နေထိုင်မှုဓလေ့တွေကို သိပ်သတိမထားမိကြပါဘူး။ စီဆီလီကျွန်းရဲ့ ဂုဏ်သတ္တိတွေထဲကမှ ဘာကြောင့် စီဆီလီကို လည်သင့်တာလဲဆိုတဲ့ အဓိကအချက် ၇ ချက်ကို အလေးပေးတင်ဆက်ပေးသွားပါမယ်။

 

၁။ လူတွေနဲ့များများ မထိတွေ့ရသေးတဲ့ သဘာဝအလှအပ…

ကမ်းခြေမှာ အပန်းဖြေဖို့လား၊ ခြေလျင်တောင်တက်လား၊ ဘာကြောင့်ပဲ ခရီးထွက်ထွက် စီဆီလီကျွန်းက စိတ်ကျေနပ်မှုအပြည့်အဝပေးတဲ့နေရာလေးပဲဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေသိပ်မများတဲ့အတွက် စိတ်အေးအေးချမ်ချမ်းအနားယူဖို့ အိုကေပါပဲ။ အနောက်ကမ်းရိုးတန်းဘက်က ကမ်းခြေတွေကတော့ နာမည်ကျော်ပြီး တည်းခိုစရာပိုပေါပါတယ်။ စီဆီလီအတွင်း လမ်းပန်းဆက်သွယ်ရေးကတော့ မြို့ကြီးတွေက လွဲရင် သိပ်မလွယ်လှပါဘူး။ ဘတ်စ်ကားဆိုလည်း အကြာကြီးစောင့်ရတတ်ပါတယ်။ ကိုယ်က ကမ်းခြေတစ်ခုထဲမှာ အေးအေးလူလူနေတာမျိုးမဟုတ်ဘဲ ဟိုကြည့်ဒီကြည့်သွားချင်တယ် လူလည်းတောင့်တယ်ဆိုရင် အငှားကားငှားပြီး ကျသင့်ငွေခွဲကြတာက ပိုကိုက်ပါတယ်။

IMG_20160816_162818

၂။ ဥရောပရဲ့ အကြီးဆုံး သက်ဝင်လှုပ်ရှား မီးတောင်ဆီသို့….

အက်တနာ မီးတောင် (Etna) ဟာ စီဆီလီဆိပ်ကမ်းမြို့တော် ကာတားနီးယား (Catania) ရဲ့ အမှတ်သညာတစ်ခုပဲဖြစ်ပါတယ်။ မကြာမကြာမီးတောင်ပေါက်ကွဲတတ်ပေမယ့် လှပတဲ့ ပတ်ဝန်းကျင်ကြောင့် စွန့်စားခရီးသွားတွေ အထူးစိတ်ဝင်စားတဲ့နေရာပါ။ ဆောင်းတွင်းဆို အဲ့သွားပြီး နှင်းလျှောတောင်စီးကြပါတယ်။ မီးတောင်နဲ့မလှမ်းမကမ်းမှာတော့ မီးတောင်ကထွက်တဲ့ ချော်ရည်ကြောင့် စိုက်ပျိုးရေးဖြစ်ထွန်းတဲ့အတွက် စီဆီလီကထွက်တဲ့ ဟင်းသီးဟင်းလျာတွေက လတ်ဆတ်နေတာပါပဲ။

sicily

၃။ လူသိပ်မများတဲ့ကမ်းခြေတွေ…

အီတလီတောင်ပိုင်း အာမာလ်ဖီ (Amalfi) ကမ်းရိုးတန်းက ကမ်းခြေတွေနဲ့စာရင် စီဆီလီကမ်းခြေတွေက နိုင်ငံခြားခရီးသွားပိုနည်းတဲ့အတွက် အေးအေးချမ်းချမ်းအနားယူလို့ကောင်းပါတယ်။ ပင်လယ်ရေက ကြည်ပြာသန့်ရှင်းသလို ကမ်းခြေတွေအများကြီးရှိပြီး အားလုံးက ကိုယ်စီလှနေလို့ ရွေးချယ်ရတော့ ခက်ပါတယ်။ ကမ်းခြေနဲ့ကပ်လျက်တောင်တန်းတွေကြောင့် အပန်းဖြေရေကူးရင်း ရှုမငြီးဖွယ်သဘာဝအလှအပကိုပါ ခံစားနိုင်တာပေါ့။ ရာသီဉတုကောင်းမွန်တဲ့အတွက် နှစ်ဝက်လောက်က နွေရာသီလိုပါပဲ။

sicily

၎။ ရှေးဟောင်းယဉ်ကျေးမှုလက်ရာအကြွင်းအကျန်တွေ….

အီတလီလို့ဆိုလိုက်ရင် ရောမမြို့တို့ ၊ ဗီးနစ် (Venice) မြို့တွေကိုသာ ပြေးမြင်တတ်ကြပေမယ့် စီဆီလီကျွန်းကလည်း သဘာဝအလှတွေလွှမ်းခြုံထားသလို သမိုင်းမခေတဲ့ဒေသလည်းဖြစ်ပါတယ်။ စီဆီလီကျွန်းသားတွေက သူတို့ကိုယ်သူတို့ အီတလီနိုင်ငံသားဆိုတာထက် စီဆီလီကျွန်းသာအဖြစ်သာ ဂုဏ်ယူတတ်ကြပါတယ်။ သမိုင်းအထောက်အထားတွေအရဆိုရင်တော့ စီဆီလီကျွန်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ဒီစီ ၈၀၀၀ လောက်ကတည်းက လူနေထိုင်ခဲ့ပါတယ်။  ယဉ်ကျေးမှုအရတော့ အနောက်ဉရောပနဲ့ အရှေ့ပိုင်းရောယှက်ထားတာကို တွေ့မြင်ရမှာပါ။ လာအိုနိုင်ငံထက် အနည်းငယ်ပဲကြီးတဲ့ စီဆီလီကျွန်းမှာ UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှုနေရာအဖြစ်သတ်မှတ်ခံရတဲ့နေရာ ၇နေရာအထိရှိပါတယ်။ အဲ့ထဲကတစ်ခု ဖြစ်တဲ့ ဂရိအင်ပါယာဖွံ့ဖြိုးချိန်က အဓိကမြို့တစ်မြို့ဖြစ်တဲ့ Syracuse မြို့ရဲ့ ဂရိဗိသုကာလက်ရာအကြွင်းအကျန်တွေကလည်း အထူးထင်ရှားပါတယ်။

catania

Enter a caption

၅။ လျှာလည်မယ့် စီဆီလီယမ်ဟင်းလျာတွေ….

အီတလီစာကြိုက်တယ်ဆိုရင် စီဆီလီယမ်စာဆိုရင်တော့ အမှတ်ထပ်တိုးပေးရုံပဲရှိပါတယ်။ လတ်လတ်ဆတ်ဆတ် ပင်လယ်စာ နဲ့လုပ်တဲ့ pasta အပြင် စီဆီလီရဲ့ အထူးတလည်ဒေသစာဖြစ်တဲ့ ထမင်းလုံးအစာသွပ်ကြော် (Arancini) ကတော့ မဖြစ်မနေ မြည်းစမ်းကြည့်ရမယ့် လမ်းဘေးစာတစ်မျိုးပါပဲ။  မူလနည်းကတော့ ခရမ်းချဉ်သီးအနှစ်နဲ့ချက်ထားတဲ့ အသား၊ mozzarella ချိစ် တို့ကို ထမင်းထဲအစာသွပ်ပြီး ပေါင်မုန့်ကျွပ်မှုန့်ကပ်ပြီး ဆီထဲနစ်နေအောင်ထည့်ကြော်ထားတာပါ။ အသားအစား မှိုတို့ ခရမ်းသီးတို့ ဟင်းနုနွယ်တို့နဲ့ပါ အမျိုးမျိုးအသွင်ပြောင်းပြုလုပ်တာတွေလည်းရှိပါတယ်။ Arancini တစ်ခုကို အများဆုံး ယူရို ၂ ယူရိုလောက်ပဲ ကျသင့်ပါတယ်။ ၂ ခုလောက်စားရင်ကို အဆာအတော်ပြေပါပြီ။ အချိုပွဲအတွက်ဆိုရင်တော့ Cannoli လို့ခေါ်တဲ့ tube တောင့်ပုံစံ မုန့်နှစ်ကိုကြော်ပြီးအထဲမှာ အချိုအရသာအတွက် ricotta cream ကိုထည့်ပြီးလုပ်ထားတာတဲ့ သရေစာက စီဆီလီရဲ့ နာမည်ကြီးမုန့်ပါ။ အပေါ်က ကျွပ်ကျွပ်အရသာမှာ အထဲက ချိုအေးစိမ့်ခရင်မ်နဲ့တွဲစားရတာ စီဆီလီလို ရာသီဉတုနွေးနွေးနဲ့တော့ အကိုက်ပါပဲ။

arancini

Arancini (photo source: Pintrest)

Cannolo

Cannoli (photo source: upload.wikimedia.org)

၆။ တနင်္ဂနွေဈေးတန်း

ကာတားနီးယားရဲ့တနင်္ဂနွေဈေးတန်းကတော့ စီဆီလီကျွန်းသားတွေဘဝကို တစ်စေ့တစ်စောင်းလေ့လာချင်သူတွေအတွက် ရွေးချယ်စရာတစ်ခုပါ။ အဲ့မှာ ရှေးဟောင်းပစ္စည်းလေးတွေကို ဈေးချိုချိုနဲ့ဝယ်နိုင်ပါတယ်။ အဓိကကတော့ အော်ဟစ်စကားပြောတတ်ပြီး ဖော်ရွေတဲ့ အီတလီတို့ရဲ့ချစ်စရာ ဓလေ့ကို ခံစားနိုင်သလို လမ်းဘေးစာအစုံအလင်ကို ဈေးအသင့်အတင့်နဲ့ လတ်လတ်ဆတ်ဆတ်ရနိုင်တာပါပဲ။ စီဆီလီဒေသထွက် ပန်းခရမ်းရောင် ပန်းဂေါ်ဖီထုပ်ကိုလည်း အခါအခွင့်သင့်ရင် မြည်းစမ်းခဲ့ကြပါလို့။

dsc_0809

(photo source: asenseofsicily)

 

၇။ စီဆီလီဝိုင်

အီတလီဝိုင်ဆို နာမည်ကြီးမို့ စီဆီလီဝိုင်ကိုလည်း  ရှယ်ပဲလို့မှတ်ယူနိုင်ပါတယ်။ ဝိုင်ကို စွဲစွဲမက်မက်သောက်သူတွေကတော့ နာမည်ကြီး မာစာလာ (Marsala) ဝိုင်ကိုကြားဖူးကြမှာပါ။ ဒီ Marsala ဝိုင်က စီဆီလီက မြို့တစ်မြို့ဖြစ်တဲ့ Marsala ဒေသထွက်ဖြစ်ပြီးတော့ ၁၈ရာစုလောက်ကတည်းက နာမည်ကျော်ခဲ့ပါတယ်။  Etna မီးတောင်တစ်ဝိုက်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ဝိုင်တွေကလည်း စီဆီလီရဲ့ အထင်ကရဝိုင်တွေထဲမှာပါလို့ ဝိုင်ကြိုက်သူတွေအတွက် ရွေးချယ်စရာပေါပါတယ်။ ပင်လယ်စာပါစတာလေးစား၊ ဝိုင်လေးသောက်၊ ကမ်းခြေမှာရေကူးပြီး စိတ်ကြီးဝင်လို့ရပြီပေါ့။

can-substitute-marsala-wine-recipe_a5d4226ed86ad172

photo source: aos.iacpublishinglabs

 

စီဆီလီမှာ အလည်အပတ်အများဆုံးနေရာတွေကတော့ မြို့တော် ပါလာမို (Palarmo)၊ ကာတားနီးယား (Catania)၊ တာအိုမီးနား taormina , အာဂရီဂျန်တို (agrigento)၊  ဗာလ်ဒီနိုတို (Val di Noto) ၊ မိုဒီကာ(Modica) ၊  နိုတို (Noto) နဲ့ စီရာကရုစ် (Syracuse) တို့ပဲဖြစ်ပါတယ်။

ကဲ အခုတော့ စီဆီလီကျွန်းအကြောင်း မသိသေးသူတွေ နည်းနည်းတော့သိသွားပြီပေါ့။  နောက်လတွေမှာလည်း စိတ်ဝင်စားစရာ နေရာဒေသတွေအကြောင်းတင်ဆက်ပေးမှာမို့ စောင့်ဖတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ကိုယ်သိချင်တဲ့နေရာလေးတွေရှိရင်လည်း မေးမြန်းပါ။ Insightgiveaways အဖွဲ့က သိသလောက် ပြန်လည်ဝေမျှပေးသွားမှာပါ။

Words by Insightgiveaways

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s