ဒီနေ့ခေတ်လူငယ်အတော်များများဟာ ကျန်းမာရေးလိုက်စားလာကြပြီးတော့ Gym ဆော့တာ၊ diet လုပ်တာတွေကို စိတ်ဝင်တစားရှိလာတာတွေ့ရပါတယ်။ Gym ဆော့ရာမှာ ကိုယ်တိုင်သွားဖို့ ပျင်းနေတယ်ဆိုတာကလွဲလို့ အနှောင့်အတားမရှိတတ်ပေမယ့် ချဉ်ငံစပ်စားဖွယ်စုံပေါများတဲ့ ကိုယ်တွေနိုင်ငံမှာ ဘယ်နားသွားသွား အရသာစုံစားချင်စရာတွေချည်းဆိုတော့ ဝိတ်လျှော့ချင်တဲ့ ကိုကိုမမတွေအတွက် အစားရှောင်ဖို့က မလွယ်လှပါဘူး။ ဝိတ်ချစာတွေက အရသာမတွေ့တော့ ဟိုဟာလေးစားမိ၊ ဒီဟာလေးစားမိနဲ့ ဝိတ်ပိုတက်မှာတောင်ကြောက်ရသေးမဟုတ်လား။  အဲတော့ ချဉ်ငံစပ်အရသာလည်းစုံ၊ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ ကင်မ်ချီကိုသွားသတိရမိလို့ တတ်သိသမျှ ကင်မ်ချီလုပ်နည်းလေးတွေကို အပိုင်းလေးတွေခွဲပြီး ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ကင်မ်ချီဟာ အကြမ်းဖျဉ်းအားဖြင့်ဆိုရရင် သဘာဝအတိုင်းအချဉ်ဖောက်ထားတဲ့ဟင်းသီးဟင်းရွက်ချဉ်ပဲ ဖြစ်ပါတယ်။ ရှေးယခင်ခေတ်က ကိုရီးယားလူမျိုးတွေဟာ အစားအသောက်တွေကြာရှည်ခံအောင်ထိန်းသိမ်းဖို့အတွက် ရည်ရွယ်ချက်နဲ့ ကင်မ်ချီကိုပြုလုပ်ခဲ့ကြတာဖြစ်ပေမယ့် ယနေ့မှာတော့ ကင်မ်ချီရဲ့အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဂုဏ်သတ္တိတွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော်လူကြိုက်များနေတာပဲဖြစ်ပါတယ်။

kimchi series(3)

ကင်မ်ချီလုပ်ထားပြီးရင် ဒီအတိုင်း ထမင်းဖြူပူပူလေးနဲ့ပဲတွဲစားစား၊ ခဏလေးနဲ့ကျက်တဲ့ ကင်မ်ချီစတူးအရည်သောက်လေးပဲလုပ်လုပ်၊ ထမင်းကြမ်းနဲ့ရောကြော်ကြော်၊ ခေါက်ဆွဲနဲ့ရောပဲပြုတ်ပြုတ်၊ ကင်မ်ချီကိုနည်းပေါင်းစုံလုပ်စားလို့ရပါတယ်။ အာဟာရနဲ့လည်းပြည့်စုံ၊ ချက်ရလွယ်ကူတဲ့အတွက် ကင်မ်ချီလုပ်ပြီးအိမ်မှာအရံထားထားရင် အလုပ်က မောမောပန်းပန်းပြန်လာရတဲ့နေ့တွေမှာ ဘာစားရမလဲဆိုတဲ့ သောကနဲ့လည်း ကင်းဝေးပါတယ်။

အကျိုးကျေးဇူးများ…

ကင်မ်ချီဟာ ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက် diet လုပ်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အာဟာရဓာတ်အနေနဲ့ဆိုရင်လည်း အမျှင်ဓာတ်အားကောင်းပြီး ဗီတာမင် A၊ B1 ၊  B2 ၊ C တို့ပါသလို အမိုင်နိုအက်ဆစ်၊ antioxidants ၊ သံဓာတ်နဲ့ ကယ်လ်စီယမ်တို့လည်း ကြွယ်ဝတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုက ကင်းဝေးစေပါတယ်။ ကိုလက်စ်ထရော (Colesterol) ကိုလည်း ထိန်းညှိပေးပြီး ခန္ဓာကိုယ်ခုခံအားကောင်းစေပါတယ်။နှလုံးရောဂါနဲ့ဆက်စပ်ရောဂါတွေ၊ အဝလွန်ရောဂါတွေကို ကာကွယ်နိုင်ပြီးတော့ အစာကြေချက်မှုအားကောင်းစေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ကင်မ်ချီဟာ ကင်ဆာဖြစ်ပွားနိုင်မှုရာခိုင်နှုန်းကိုပါ လျော့ကျစေတယ်လို့သိရပါတယ်။ ကင်မ်ချီရဲ့အကျိုးကျေးဇူးတွေဖတ်ရင်းနဲ့ အခုပဲ CityMart မှာ ကင်မ်ချီပြေးဝယ်ချင်စိတ်ပေါက်သွားပြီမှတ်လား။  ကင်မ်ချီလုပ်တာက ထင်သလောက်မခက်လို့ အိမ်မှာပဲလတ်လတ်ဆတ်ဆတ်လုပ်စားတော့ သက်သက်သာသာနဲ့ မိသားစုတစ်စုလုံးအဝဆွဲရုံပေါ့။

ကိုရီးယားကင်မ်ချီအမျိုးအစားပေါင်း ၂၀၀ နီးပါးလောက်ရှိပါတယ်။ အဲ့ထဲကမှ
မုန်ညင်းဖြူကင်မ်ချီ၊ မုန်လာဉဖြူကင်မ်ချီနဲ့ သခွားသီးကင်မ်ချီတို့ကတော့ မြင်နေတွေ့နေကျ နာမည်အကြီးဆုံးကင်မ်ချီတွေပါ။ဒီတစ်ပတ်မှာတော့ ရိုးရာမုန်ညင်းဖြူကင်မ်ချီလုပ်နည်းက စလိုက်ကြရအောင်။ ပါဝင်ပစ္စည်းတွေကတော့…

kimchi series(1)

မုန်ညင်းဖြူထုပ် ၁ ထုပ် (၄၀ ကျပ်သားခန့်)
မုန်လာဥနီအနေတော် ၂ တောင့်
မုန်လာဥဖြူ ၁ တောင့်
ကိုရီးယားပုစွန်ဆိတ်အငန် စားပွဲတင်ဇွန်း ၁ ဇွန်း
ကိုရီးယားငရုတ်သီးမှုန့် (ပုံတွင်ပြထားသောခွက်အရွယ်အစားနဲ့ ၂ ခွက်) အစပ်ကြိုက်သူတွေက ပိုထည့်ပါ။
ဂျင်း လက်တစ်ဆစ်
ကြက်သွန်ဖြူ ၁၂ မွှာ
ကြက်သွန်မြိတ် ၂ စည်း
ဆား ၁ ခွက် (ပုံပါခွက်)
ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
ကောက်ညှင်းဆန်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
ရေ၃ခွက် (ပုံပါခွက်)

မှတ်ချက်-  ပုံပါခွက်မှာ အမေရိကန်စံအရ ခွက်ရဲ့လေးပုံတစ်ပုံအရွယ်ရှိပါတယ်။

ပထမအဆင့်- မုန်ညင်းဖြူဆားစိမ်

IMG_7319

အရင်ဉီးဆုံးမုန်ညင်းဖြူကို အလည်ကနေ အရှည်လိုက်လေးစိပ်ခြမ်းပါ။ မုန်ညင်းဖြူက အရွယ်ကြီးနေတယ်ဆိုရင်တော့ သင့်တော်သလို ခြမ်းနိုင်ပါတယ်။ ပြီးရင်တော့ ရေအေးနဲ့ဆေးပေးပါ။ ရေစိုနေတဲ့အတွက် ဆားနယ်တဲ့အခါ ဆားဓာတ်ကအရွက်ထဲကိုပိုဝင်လွယ်ပါတယ်။ ရေဆေးပြီးတဲ့အခါ ဆားကို အရွက်တစ်ရွက်ချင်းစီခြားကို ဟပြီး ဆားနည်းနည်းစီဖြူးပေးပါ။ ပြီးရင်တော့ မိနစ် ၃၀ တစ်ခါ ဟိုဘက်ဒီဘက်လှန်ပေးပါ။ ဒါမှ ဆားဓာတ်ကလည်းနေရာအနှံ့ပြန့်မှာမို့ပါ။ စုစုပေါင်း ၂ နာရီလောက်ထားထားရင်ရပါပြီ။

ဒုတိယအဆင့် – ကောက်ညှင်းဆန်မှုန့်အရည်ကျို

ရိုးရာကင်မ်ချီလုပ်တဲ့နေရာမှာ ကောက်ညှင်းဆန်မှုန့်အရည်ကြိုထည့်တဲ့အတွက် မုန်ညင်းကို ငရုတ်သီးအနှစ်နဲ့နယ်တဲ့အခါ အရွက်နဲ့အနှစ်နဲ့သီးခြားစီမဖြစ်တော့ပါဘူး။ ရေနှစ်ခွက်ကို ဒန်အိုးထဲထည့်ပြီး ကောက်ညှင်းဆန်မှုန့် စားပွဲတင်ဇွန်း ၂ဇွန်းထည့်ပြီးရောမွှေပါ။ ပြီးရင် မီးဖိုပေါ်တင်ပြီး မွှေပေးပါ။ ၈မိနစ် ၉မိနစ်လောက်နေရင် သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်းထည့်မွှေ၊ မီးပိတ်ပြီး အအေးခံထားပါ။

တတိယအဆင့် – အခြားအသီးအရွက်အမယ်ပြင်ဆင်လှီးချွတ်

မုန်လာဉအဖြူနဲ့အနီတို့ကို မီးခြစ်ဆံအရွယ်လေးတွေ လှီးဖြတ်ပါ။ ဒါမှမဟုတ် အလွယ်ပဲ ခြစ်နဲ့ ခြစ်ပါ။ ကြက်သွန်မြိတ်ပါးပါးလှီးထားပါ။

စတုတ္ထအဆင့် –  ကင်မ်ချီအနှစ်အတွက်ပြင်ဆင်

ကြက်သွန်အဖြူ၊အနီနဲ့ ဂျင်းတို့ကို ကြိတ်စက်ထဲထည့်ကြိတ်ပါ။ ပြီးရင်တော့ အအေးခံထားတဲ့ ကောက်ညှင်းဆန်အပြုတ်ရည်ထဲထည့်ပါ။ ငံပြာရည်ထည့်ပါ။ ကိုရီးယားပုစွန်ဆိတ်အငန် ကို အရင်ဆုံးပါတဲ့အရည်ကို ညှစ်ထုတ်ပြီးထည့်ပါ။ ပုစွန်ဆိတ်လေးတွေကို နုတ်နုတ်စဉ်းထည့်ပြီးမွှေပါ။ ပြီးရင်တော့ ကိုရီးယားငရုတ်သီးမှုန့်ကိုထည့်မွှေပါ။

ပဉ္စမအဆင့် – မုန်ညင်းဖြူရေဆေးပြီးစစ်ထား

မုန်ညင်းဖြူစိမ်ထားတာ ၂ နာရီလောက်ရှိပြီဆိုရင် ရေအေးနဲ့ ၂ထပ် ၃ထပ်စင်အောင်ဆေးပါ။ စောစောက လေးပိုင်းပဲပိုင်းထားတဲ့ မုန်ညင်းဖြူကို ကိုယ့်စိတ်ကြိုက်အရွယ်လေးတွေ ခွဲထုတ်ပါ။ ပြီးရင်တော့ ဇကာထဲထည့်ပြီးရေစစ်ထားပါ။ ရေကုန်အောင်စစ်ဖို့အရေးကြီးပါတယ်။ အရွက်ထဲကို ရေစိမ့်ဝင်ပြီးသားမို့ ဆေးပြီးရေစင်အောင်မစစ်ရင် ကင်မ်ချီလုပ်တဲ့အခါ ရေပေါလောကြီးဖြစ်ပြီး အရသာရောက်သင့်သလောက်မရောက်ဘဲ ဖြစ်တတ်ပါတယ်။

kimchi series(2)
နောက်ဆုံးအဆင့် – ကင်မ်ချီစလုပ်ပါပြီ…

ပြင်ဆင်ထားတဲ့ ကင်မ်ချီအနှစ်ထည့်ကို ဟင်းသီးဟင်းရွက်အဆာပလာတွေထည့်မွှေပါ။
ပြီးရင် ရေစစ်ထားတဲ့ မုန်ညင်းဖြူရဲ့အရွက်တစ်လွှာချင်းစီကိုလှန်ပြီးအနှစ်ထည့်လူးပေးပါ။ ထည့်တဲ့အစပ်ပါဝင်မှုပေါ်မူတည်ပြီး ငရုတ်ပူမမိအောင် လိုအပ်ရင် လက်အိတ်စွပ်ပြီးနယ်ပါ။ နောက်ဆုံးအနေနဲ့ ကင်မ်ချီသိပ်ထားမယ့်ဘူးထဲကိုထည့်ပါ။ ထည့်တဲ့နေရာမှာ အရွက်တွေကို လေမဝင်အောင်ဖိသိပ်ပြီးထည့်ပေးပါ။ ပြီးရင်တော့ အဖုံးပိတ်ပြီး အခန်းအပူချိန်မှာ ၁ရက် ကနေ ၂ရက်အထိထားပါ။ အခန်းအပူချိန်က တစ်နေရာနဲ့တစ်နေရာကွာဟတဲ့အတွက် ကင်မ်ချီအဆင်သင့်ဖြစ်မဖြစ်ကို အဖုံးဖွင့်ကြည့်ပြီး အပေါ်ယံမျက်နှာပြင်မှာ အမြှုပ်ထတာတွေ့ပြီဆိုရင် ကင်မ်ချီရပါပြီ။ တာရှည်ခံအောင် ရေခဲသေတ္တာထဲထည့်ပြီး လိုသလောက်ထုတ်စားရုံပါပဲ။ လှော်ထားတဲ့နှမ်းကျွတ်ကျွတ်ရွရွလေးဖြူးစားရင် ရှယ်ပဲပေါ့။

ကဲ ဒီတစ်ပတ်တော့ မုန်ညင်းဖြူကင်မ်ချီနဲ့ပဲ ကျေနပ်တော့နော်။ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နောက်ထပ်ကင်မ်ချီလုပ်နည်းတွေကို သိချင်ရင်တော့ နောက်တစ်ပတ်မှာ စောင့်ဖတ်ပါလို့။ အာဟာရပြည့်ဝပြီးအရသာရှိတဲ့ဟင်းလျာတွေချက်ပြုတ်ရင်းကျန်းမာပျော်ရွှင်သောဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Insightgiveaways က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Words by Insightgiveaways! ©

Inspired by Maangchi

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s