ကင်မ်ချီကြိုက်သူတွေအတွက် နောက်ထပ်ကင်မ်ချီလုပ်နည်းတစ်မျိုးလာပြီနော်။
ဒီတစ်ပတ်တော့ သခွားသီးကင်မ်ချီလေးလုပ်စားရအောင်။ သခွားသီးနဲ့လုပ်တဲ့ကင်မ်ချီကတော့ လတ်ဆတ်ချိုမြလို့ လုပ်ပြီးတာနဲ့ကို တစ်ဝက်လောက်ကျိုးသွားမယ်။ မြည်းကောင်းကောင်းနဲ့ မြည်းနေလို့လေ။ ကဲ လုပ်နည်းလေးကြည့်လိုက်ကြပါစို့။

kimchi series(4)

ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့

သခွားသီး လက်တစ်ဖဝါးစာအရွယ် ၆ လုံး
မုန်လာဥနီ ၁ တောင့်
ကြက်သွန်နီ ဥကြီး ၁ လုံး
ကြက်သွန်ဖြူ ၆မွှာ
ဂျင်း လက် ၁ ဆစ်
ကြက်သွန်မြိတ် ၁ စီး
ဆား စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ကိုရီးယားငရုတ်သီးမှုန့် ၂ ခွက် (အရင်နေ့ကပြထားတဲ့ အမေရိကန်စံခွက် ၁၀၀ မီလီလီတာခွက်)
ရေ ၁ ခွက် (၁၀၀ မီလီလီတာ)

ပထမဆုံး သခွားသီးတွေကို ရေစင်အောင်ဆေးပါ။ ပြီးရင် သခွားသီးတစ်လုံးချင်းစီရဲ့ ထိပ်ပိုင်းမှာ လက်မခွဲအရွယ်လောက်ချန်ပြီး ဓားနဲ့အရှည်လိုက် လေးစိပ်လှီးပါ။ ပြီးရင်အထဲမှာ အစာတွေသွပ်မှာမို့ ခွက်အရှည်ပုံစံလေးရအောင်လုပ်တာပါ။ ပြီးရင်တော့ သခွားသီးခွဲထားတဲ့နေရာထဲ ဆားဝင်အောင်နယ်ပြီး နာရီဝက်လောက် နှပ်ထားပေးပါ။

kimchi series(6)

ဒုတိယအဆင့်အနေနဲ့ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူနဲ့ မုန်လာဉတို့ကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူနဲ့ ဂျင်းကိုလည်း နုတ်နုတ်စဉ်းထားပါ။ ပြီးရင်အားလုံးရောပြီး သကြား၊ ကိုရီးယားငရုတ်သီးမှုန့်၊ ငါးငံပြာရည်နဲ့ ရေတို့ကို သမသွားအောင် ရောမွှေပေးပါ။

kimchi series(5)

နောက်ဆုံးအဆင့်အနေနဲ့ကတော့ ဆားနဲ့နှပ်ထားတဲ့ သခွားသီးတွေကို ရေအေးနဲ့ဆေးပြီး ရေစင်အောင်စစ်၊ ပြီးရင် သခွားသီးလှီးထားတဲ့ကြားထဲ ခုနက နယ်ထားတဲ့အနှစ်တွေကို ထည့်သိပ်ပါ။ နည်းနည်းလောက်နှံ့အောင်နယ်ပေးပြီးရင် သခွားသီးကင်မ်ချီရပါပြီ။သခွားသီးကင်မ်ချီက လုပ်ရတာလွယ်ကူပြီး လုပ်ပြီးပြီးချင်း လတ်လတ်ဆတ်ဆတ်စားလို့ ကောင်းပါတယ်။

 ကိုယ်ချစ်ရသူတွေအတွက် ရိုးရှင်း၊ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သခွားသီးကင်မ်ချီလေးနဲ့တည်ခင်းတဲ့ ညနေစာက စားမြိန်စေမှာပါ။ နောက်တစ်ပတ်မှာလည်း မုန်လာဥဖြူကင်မ်ချီလုပ်နည်းကို ဆက်လက်ဖော်ပြပေးသွားမှာမို့ စောင့်ဖတ်ပါဦးလို့။

 

Words by Insightgiveaways ©

Inspired by Maangchi

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s