သင်္ကြန်မှာ တစ်နေကုန်ကဲ၊ အိမ်ပြန်ရောက်တော့ အအေးပတ်ပြီး နောက်နေ့မကဲနိုင်မှာစိုးရိမ်ဖူးကြမှာပေါ့။ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့နည်းတစ်မျိုးကို အမျိုးတွေကို ပြန်ရှဲပေးချင်လို့ပါ။ အဲဒါကတော့ Hot Wine လုပ်နည်းပါ။ ဝိုင်ဆို အပူလုပ်သောက်တယ်ဆိုလို့ မအံ့သြပါနဲ့။ အနောက်နိုင်ငံတွေမှာဆို Hot Wine က ဆောင်းတွင်းမှာ အရမ်းကို ပေါ်ပြူလာဖြစ်ပါတယ်။ ဆောင်းတွင်းမှာ အေးလွန်းလို့ Hot Wine လေးသောက်ပြီး ခန္ဓာကိုယ်နွေးနွေးထွေးထွေးဖြစ်အောင် လုပ်ကြပါတယ်။ လုပ်နည်းကလည်း လွယ်မှလွယ်ပါပဲ။ အအေးမပတ်အောင် ဝိုင်ပူပူလေးသောက်ကြည့်ချင်တယ်ဆိုရင်တော့ အောက်ကလုပ်နည်းလေးကို ဆက်ဖတ်ကြည့်လိုက်ပါနော်။

ပထမဆုံးဝိုင်ရွေးတဲ့အခါ ဈေးကြီးတဲ့ဝိုင်သုံးဖို့မလိုပါဘူး။ ဝိုင်ကို တခြားအသီးအနှံ၊ အမွှေးအကြိုင်တွေနဲ့ရောမှာမို့ပါ။ Hot Wine လုပ်တဲ့အခါ အများအားဖြင့် ဝိုင်အနီနဲ့လုပ်ကြပါတယ်။ ဈေးလည်းပိုသက်သာတာကိုး။ အဖြူနဲ့လည်းလုပ်လို့ရပါတယ်။ ဒီမှာတော့ ဈေးသက်သက်သာသာရှိအောင် ဝိုင်အနီနဲ့လုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း (၃ ယောက်စာ)

ဝိုင်နီ ၁ ပုလင်း
ပန်းသီး ၁ လုံး
ရှောက်ချိုသီး ၁ လုံး
လေးညှင်းပွင့် အနည်းငယ်
သစ်ကြမ်းပိုးခေါက် ၂ ခု
ဖာလာစေ့ ၂ စေ့
ငရုတ်သီးခြောက်အသေး ၂ တောင့်
သကြား စားပွဲတင်ဇွန်း တစ်ဝက်
ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကနေ ၃ဇွန်း

Hot Wine လုပ်နည်း

၁။ အရင်ဆုံး ပန်းသီးနဲ့ ရှောက်ချိုသီးကို တစ်ကိုက်စာအရွယ်လေးတွေ လှီးပြီး ကျိုမယ့်အိုးထဲထည့်ပါ။ ပြီးတော့ သကြားထည့်၊ နည်းနည်းလှုပ်ပေးပြီး ၁၀ မိနစ်လောက်ထားပေးပါ။ အသီးအရသာပိုပေါ်လွင်အောင်လို့ပါ။ အလျင်လိုတယ်ဆိုရင်တော့ အဲ့အဆင့်ကို ကျော်လို့ရပါတယ်။
၂။ ပြီးရင် ဝိုင်ထည့်ပြီး နောက်ထပ် ၁၀ မိနစ်လောက်နှပ်ထားပေးပါ။ အသီးထဲကို ဝိုင်စိမ့်ဝင်သလို ဝိုင်ထဲကိုလည်း အသီးတွေရဲ့ အချိုဓာတ်ရောက်အောင်ပါ။
၃။ ပြီးရင်တော့ မီးဖိုပေါ်မှာ စကျိုပါ။
၎။ ၁၅ မိနစ်လောက်ကျိုပြီးတဲ့အခါမှာတော့ လေးညှင်းပွင့်၊ သစ်ကြမ်းပိုးခေါက်၊ ဖာလာစေ့နဲ့ ငရုတ်သီးခြောက်တို့ကို အနည်းငယ်လိမ်ပြီး အိုးထဲထည့်ပါ။ အမွှေးနံ့ပိုထွက်အောင်ပါ။ ခဏနေရင် မီးပိတ်လိုက်ပါ။
၅။ ၁ မိနစ် ၂ မိနစ်ထားပြီး သောက်ခါနီးကျမှ ပျားရည်ကို ထည့်ပါ။ ပျားရည်က ပွက်ပွက်ဆူနေတဲ့ အပူချိန်မှာထည့်ရင် အကျိုးအာနိသင်ပျယ်တတ်ပါတယ်။

©insightgiveaways
ပြီးရင်တော့ ခွက်ထဲထည့်၊ ဝိုင်ပူပူစပ်စပ်လေးသောက်ပြီး အိပ်ရာဝင်ပါ။  နောက်နေ့မှာ လန်းမှလန်းဖြစ်နေမှာပါ။ တစ်ခုတော့ သတိထားပါ။ ဝိုင်က အများကြီးသောက်ရင် နောက်နေ့ ခေါင်းကိုက်တတ်ပါတယ်။ အဲ့တော့ တစ်ခွက်စာလောက်သောက်ရင် အိုကေပါပြီ။

 

Words by Insightgiveaways! ©

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s