စင်ကာပူအခြေစိုက် Scoot လေကြောင်းလိုင်းက အသစ်စက်စက်မဟုတ်ပေမယ့် ဉရောပဘက်ကို စတင်ပြေးဆွဲတာတော့ မကြာသေးပါဘူး။ လောလောဆယ်မှာတော့ စင်ကာပူကနေ ဥရောပဘက်အခြမ်းကို ပျံသန်းရာမှာ ဂရိနိုင်ငံ၊ အေသင်မြို့တစ်မြို့ထဲကိုပဲစတင်ပြေးဆွဲနေပါတယ်။ ​ Scoot လေကြောင်းလိုင်းဟာ လူငယ်တွေအတွက်အဓိကထားတဲ့လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး သက်သက်သာသာနဲ့ ကမ္ဘာအနှံ့ကို သွားလာနိုင်မှာဖြစ်ပါတယ်။

အေသင်ကိုစတင်ပြေးဆွဲခဲ့တဲ့ ဇွန်လထဲမှာပဲ​ Insightgiveaways က Scoot လေကြောင်းလိုင်းကို စီးကြည့်ခဲ့ပါတယ်။ လေယာဉ်လက်မှတ်က အေသင်ကနေ စင်ကာပူကို အခွန်နဲ့ ဝန်ဆောင်ခတွေအားလုံးအပါအဝင် ယူရို ၁၀၀နီးပါးပဲ ပေးခဲ့ရပါတယ်။ ဘတ်ဂျတ်လေကြောင်းလိုင်းမို့ ခရီးဆောင်အိတ်ကတော့ carry-on ၇ ကီလိုပဲရပါတယ်။ ပစ္စည်းများများသယ်ချင်ရင်တော့ check-in 20 kg bag ကို ယူရို ၄၀ ထပ်ဆောင်းပေးပြီးဝယ်နိုင်ပါတယ်။ အဲတော့ check-in 20 kg bag ပါမှ စုစုပေါင်း ယူရို ၁၄၀ လောက်ပဲကုန်ခဲ့ပါတယ်။ ကိုယ်က အလည်လောက်ပဲသွားတာဆိုရင် check-in bag တောင် ဝယ်စရာမလိုဘူး။ ၇ ကီလိုလို့သာ ပြောတာ၊ သေချာလည်း ဘယ်သူမှ စစ်တာမတွေ့မိပါဘူး။နည်းနည်းလောက် ပိုသွားရင်လည်း ပုံမှန်ဆို ပြဿနာမရှိတတ်ပါဘူး။ ဒါမှမဟုတ်ရင်လည်း အပြန်ကျမှ ဘာဝယ်ညာဝယ်နဲ့မို့ check-in bag လေးဝယ်ချင်ရင် ဝယ်ပေါ့။

ဘတ်ဂျတ်လေကြောင်းလိုင်းတွေရဲ့ ထုံးစံအတိုင်း အသွားတစ်ကြောင်းပဲ​ ဝယ်ဝယ်၊ အသွားအပြန် ပဲ ဝယ်ဝယ်၊​နေ့ရက်အလိုက်သာ ဈေးနှုန်းက တစ်ကြောင်းချင်းစီ ပေးရတဲ့အတွက် အသွားအပြန်ဝယ်မှ သက်သာတာမျိုးတော့ မရှိပါဘူး။ အဲတော့ ကြိုဝယ်ထားနိင်မယ်ဆိုရင် ရန်ကုန်ကနေ အေသင်အထိကို အသွားအပြန် စုစုပေါင်းမှ ယူရို ၃၀၀ ကျော်ကျော်လောက်ပဲကုန်တော့မှာပါ။

ကြိုက်နှစ်သက်ရာဝန်ဆောင်မှုကို ရွေးချယ်နိုင်မှု

လေကြောင်းလိုင်းက ဘတ်ဂျတ်လေကြောင်းလိုင်းဆိုပေမယ့် ဝန်ဆောင်မှုကောင်းပါတယ်။ သတိထားရမှာကတော့ လေယာဉ်လက်မှတ်ကို ဈေးအရမ်းတန်အောင်ရောင်းတဲ့အတွက် လေယာဉ်ပေါ်မှာ ဘာအစားအသောက်မှတော့ မကျွေးပါဘူး။ လေယာဉ်ပေါ်မှာစားရင်တော့ အာရှစာ ထမင်းနဲ့ဟင်းတစ်ပွဲဆို စင်ကာပူဒေါ်လာ ၁၂ ဒေါ်လာ၊ ခေါက်ဆွဲထုပ်တစ်ထုပ်ကို စင်ကာပူဒေါ်လာ ၅ ဒေါ်လာလောက်ပေးရပါတယ်။ ကိုယ်က ဘတ်ဂျတ်ချိန်ဆပြီးသွားတာမျိုးဆိုရင်တော့ Sandwich နဲ့ တခြားသယ်ရလွယ်တဲ့ အစားအသောက်လေးတွေ ကိုယ့်ဘာသာယူလာပြီးစားတော့ အပိုငွေမကုန်တော့ဘူးပေါ့။ လေယာဉ်ပေါ်ကကျွေးတာ ဝယ်စားမယ်ဆိုရင်တော့ အွန်လိုင်းကနေ ကြိုဝယ်ထားရင် ဈေးပိုသက်သာပါတယ်။ ရေတို့၊ အချိုရည်တို့ကတော့ အေသင်လေဆိပ်က ယူရိုနဲ့ပေးဝယ်ရတဲ့ဈေးနဲ့ သိပ်တော့မကွာလှပါဘူး။ ဒါပေမယ့် အေသင်လေဆိပ်မှာ သောက်ရေစက်တွေ ထားပေးထားလို့ တွေ့ရင် ထည့်လာလို့ရအောင် ရေဘူးအသေးတော့ ဆောင်ထားနိုင်ပါတယ်။

Scoot-CAFE---DONE

ဝန်ဆောင်မှုကောင်းသလို ဝန်ဆောင်မှုတိုင်းကိုတော့ ဝယ်ယူရမှာပဲဖြစ်ပါတယ်။ အေသင်ကနေ စင်ကာပူကို အကြာကြီးစီးရလို့ သက်တောင့်သက်သာ ခြေဆန့်နိုင်တဲ့ခုံမှာထိုင်ချင်ရင် ထိုင်ခုံကို ရွေးဝယ်လို့ရပါတယ်။ အစက ထိုင်ခုံရိုးရိုးပဲဝယ်ခဲ့ရင်တောင် လေယာဉ်ပေါ်ရောက်မှ အွန်လိုင်းကနေ ခုံပြောင်းဖို့ ပိုက်ဆံပေးချေပြီး ဝန်ဆောင်မှုတစ်ဆင့်မြှင့်နိုင်ပါတယ်။

အေသင်ကနေ စင်ကာပူကို ၁၁ နာရီလောက် စီးရမှာမို့ အပျင်းပြေဇာတ်လမ်းကြည့်ချင်ရင် ကိုယ့် laptop တွေ၊ tablet တွေထဲမှ ဇာတ်ကားတွေထည့်လာခဲ့ပါ။ ဒါမှမဟုတ်ရင်တော့ လေယာည်ပေါ်မှာ ပိုက်ဆံပေးပြီး ဝယ်ကြည့်နေရမယ်။ ဝန်ဆောင်မှုကောင်းချက်ကတော့ wifi service လည်းရှိပါတယ်။ အင်တာနက်က ကိုယ်အသုံးပြုချင်တဲ့ ကြာချိန်ပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိပါတယ်။ website ထဲဝင်ပြီး အွန်လိုင်းကတစ်ဆင့် ငွေပေးချေပြီး အင်တာနက်ဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။

Wifi

Flyscoot.com ကနေ ရန်ကုန်ကနေ၊ ဒါမှမဟုတ် ရန်ကုန်အထိ တိုက်ရိုက်ဝယ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတည်းဝယ်တာက နည်းနည်းတော့ ပိုဈေးကြီးပါတယ်။ ပိုပေးရပေမယ့် စင်ကာပူကနေ ရန်ကုန်ကို Tigerair ၊ Singapore Airlinesနဲ့ Silkair တို့ နဲ့သွားတာဆိုရင် immigration ဖြတ်စရာမလို၊ check-in ပြန်ဝင်စရာမလိုဘဲ transit terminal ကနေ တိုက်ရိုက် နောက်လေယာဉ်ချိန်းနိုင်ပါတယ်။ ပိုသက်သာချင်လို့ ကိုယ့်ဘာသာဝယ်မိရင်တော့ immigration ဖြတ်ရ၊ check-in ပြန်ဝင်ရလို့ အလုပ်နည်းနည်းပိုပေမယ့် အေသင်ကနေ စင်ကာပူကို နံနက် လေးနာရီလောက်ရောက်တာမို့ ခရီးသွားသိပ်မများဘဲ အချိန်မီနောက်လေယာဉ်ကို ကူးနိုင်ပါတယ်။

15Scoot-BIZ---DONE

အတိုချုံးပြောရရင်တော့ အရင်က လေယာဉ်စရိတ်မြင်တာနဲ့ ဥရောပကို ခရီးသွားဖို့ဆိုတာ အိပ်မက်သက်သက်လို့ တွေးခဲ့ကြတာကနေ အခုကတော့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ ဈေးသက်သက်သာသာနဲ့ သွားနိုင်မယ့်အခွင့်အရေးပါပဲ။ ဥရောပမှာကလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံကူးတာက ဒီမှာ တစ်မြို့နဲ့တစ်မြို့ ကားလက်မှတ်လောက်ပဲကုန်ကျတာမို့ လည်ပါလေ့။ ဒီ အောက်တိုဘာအမှီမှာ ဉရောပခရီးသွားအိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဥရောပကို ခရီးသွားတာတွေအကြောင်း သိချင်တာများရှိရင်လည်း Insightgiveaways ကို လက်တို့ပြီးသာ မေးလိုက်ပါလို့။

 

Words by Insightgiveaways!

 

Disclaimer: ဒီပို့စ်တွင် ဖော်ပြထားသော ပုံများမှာ flyscoot.com မှပုံတွေကို တိုက်ရိုက်ကူးယူဖော်ပြထားတာဖြစ်တဲ့အကြောင်း အသိပေးအပ်ပါတယ်။

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s