တက်တူးထိုးတာက လူငယ်တွေကြားမှာ ရေပန်းစားလာသလို အခုတစ်လောမှာ နှာခေါင်းမှာ nose piercing လုပ်ထားတာလေးတွေ တစ်စတစ်စတွေ့နေရတော့ မကြာခင်မှာ nose piercing က ခေတ်ရှေ့ပြေးလာနိုင်တာမို့ တကယ် နှာခေါင်းအပေါက်ဖောက်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေကို ပြန်လည်မျှဝေပေးချင်လို့ပါ။

တက်တူးထိုးတာ၊ piercing လုပ်တာတွေက လူငယ်တွေကြားမှာ အထာကျကျစတိုင်အဖြစ် ထင်ပေါ်တဲ့ ဖက်ရှင်တစ်မျိုးပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲလို တက်တူးထိုးတာ၊ piercing လုပ်တာကို လမ်းဘေးစတိုင်လို့ မြင်တတ်ကြပြီး အထူးသဖြင့်တော့ မိဘတွေက ကန့်ကွက်ကြပါတယ်။ တက်တူးထိုးသူတွေ တစ်နေ့ထက်တစ်နေ့များလာပေမယ့်လည်း ယနေ့အချိန်အထိ တက်တူးထိုးတာ ကောင်းတယ်၊ မကောင်းဘူး အမြင်ကတော့ ကွဲလွဲနေဆဲပါပဲ။ အဲ လောလောဆယ်မှာတော့ piercing လုပ်သူအရေအတွက်က တက်တူးထိုးသူထက်တော့ နည်းပါတယ်။ piercing ကတော့ တက်တူးလို ဖျက်ရခက်တာမျိုးမဟုတ်ဘဲနဲ့ အချိန်အနည်းငယ်ပေးရင် နဂိုအတိုင်းပြန်ဖြစ်တာမို့ တကယ်လို့များ နှာခေါင်းမှာ piercing လုပ်မယ်လို့ စဉ်းစားနေပြီဆိုရင်တော့ အောက်ကအချက်လေးတွေကို ဖတ်ဖြစ်အောင်ဖတ်ကြည့်စေချင်ပါတယ်။

photo source_ bauermedia

၁။ နှာခေါင်းအပေါက်ဖောက်တာက နားပေါက်ဖောက်တာလောက် မနာပါဘူး။

နားပေါက်ဖောက်ဖူးပြီးသားသူတွေအနေနဲ့ နားတောင် ဒီလောက်နာတာ၊ နှာခေါင်းဆို အတော်နာမယ်လို့တွေးပြီး nose piercing လုပ်ချင်ရင်တောင် လက်တွန့်တတ်ကြပါတယ်။ လက်တွေ့မှာတော့ နှာခေါင်းမှာ အပေါက်ဖောက်တာက သိပ်မနာပါဘူး။ နား ထိပ်ပိုင်းမှာ အလှဖောက်ဖူးသူတွေဆိုရင်တော့nose piercing က မနာသလောက်ဘဲလို့ဆိုရမှာပါ။ သတိထားသင့်တာတစ်ခုကတော့ နှာခေါင်းက မျက်နှာပေါ်တည့်တည့်မှာမို့ piercing လုပ်တဲ့အခါမှာတော့ မျက်လုံးမှိတ်ထားတာကောင်းပါတယ်။ နို့မို့ piercing specialist က နှာခေါင်းဖောက်တော့မယ့်အချိန်မှာ အပ်မြင်ပြီး လှုပ်မိရင် လွဲချော်တတ်လို့ပါ။

၂။ နေ့စဉ်သန့်ရှင်းရေး

နှာခေါင်းက နှပ်ချီးလို အညစ်အကြေးထွက်တဲ့နေရာမို့လို့ နားဖောက်သလို အပေါက်ဖောက်ပြီးရင် ပြီးပြီလို့ မတွေးပါနဲ့။ နေ့တိုင်း အပေါက်ကို သန့်ရှင်းရေးလုပ်ရပါတယ်။ ဖောက်ပြီးပြီးချင်းဆိုရင် အပေါက်ရှိတဲ့နှာခေါင်းအပြင်နားနဲ့ နှာခေါင်းပေါက်အထဲဖက်ကို သန့်ရှင်းရေးက တစ်နေ့ကို အနည်းဆုံး ၃ ကြိမ်လုပ်သင့်ပါတယ်။ ဖောက်တာ ကြာသွားပြီဆိုရင်တောင်မှ မနက်တစ်ခါ၊ ညတစ်ခါတော့ အပေါက်ကို သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ နှာခေါင်းအတွင်းအပြင်သန့်ရှင်းရေးအတွက်ဖြန်းဆေးဝယ်ဖို့အတွက်ကိုတော့ piercing specialist ရဲ့ အကြံဉာဏ်ကိုရယူနိုင်ပါတယ်။

wikihow

၃။ ဆိုင်ကတပ်ပေးလိုက်တဲ့ nose ring ကိုယ် ဘယ်လောက် ကြာကြာထားရမလဲ

ဖောက်ဖောက်ချင်း တပ်ထားတဲ့ nose ring ကို နှာခေါင်းအနာအပြည့်အဝကျက်တဲ့အထိ တခြားအလှဟာလေးတွေ ပြောင်းမတပ်ဘဲ ဒီအတိုင်းထားဖို့လိုပါတယ်။ အကောင်းဆုံးကတော့ ၃ လ လောက်အနည်းဆုံးnose ring အသစ်မချိန်းဘဲထားထားပါ။ အနာအပြည့်အဝမကျက်တဲ့အခါ အသစ်လဲရင် နှာခေါင်းပေါက်က ချောချောမွေ့မွေ့မဝင်ဘဲနဲ့ အသေနာတတ်ပါတယ်။ နှာခေါင်းသန့်ရှင်းရေးလုပ်တဲ့အခါ nose ring ကို ဟိုဘက်ဒီဘက်နည်းနည်းရွှေ့ပြီး သန့်ရှင်းရေးလုပ်ထားတာက နှာခေါင်းအနာအကျက်မြန်အောင် အထောက်အပံ့ပေးနိုင်ပါတယ်။

၎။ nose screw အမျိုးအစား

nose hoop တွေက တပ်ရတာ အားလုံးတစ်ပုံစံထဲမို့ အထူးအထွေမရှိလှပါဘူး။ တစ်ခုပဲ။ nose hoop တပ်ရင် အထဲပေါက်ကနေ အပြင်ဘက်အပေါက်ကို ထည့်တာက nose hoop ရဲ့ အနေအထားကို ပိုကြည့်ကောင်းစေပါတယ်။ nose screw တပ်မယ်ဆိုရင်တော့ nose screw ရဲ့ နောက်ပိတ်အနေအထားက အမျိုးမျိုးရှိပါတယ်။ နောက်ပိတ်အတံက အဖြောင့်နဲ့ အဆုံးမှာ အသီးလေးပါတဲ့ပုံစဆိုရင်တော့ piercingအပေါက်ကို ပိုကျယ်စေနိုင်လို့ ကိုယ် nose piercing မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါကျ အပေါက်က ကျယ်နေတော့ ပြန်ပိတ်ဖို့ အချိန်ပိုကြာစေပါတယ်။ နောက်ပိတ်အတံက အကောက်ပုံစံဆိုရင်တော့ အလွယ်တကူကျွတ်ကျခြင်းမရှိတော့သလို piercingအပေါက်လည်း ပိုကျယ်လာတာမျိုး မဖြစ်တော့ပါဘူး။

2.bp.blogspot.com

၅။ အလွယ်တကူ အပေါက်ပြန်ပိတ်နိုင်ခြင်း

nose piercing လုပ်တဲ့အခါ နှာခေါင်းက အနာကျက်မြန်တဲ့အတွက် nose piercing ဖောက်ပြီးတဲ့အခါ ချွတ်မထားမိဖို့ အရေးကြီးပါတယ်။အတွေ့အကြုံအရပြောရရင်တော့ ၁ နာရီလောက် ဖြုတ်ထားမိပြီး ပြန်တပ်တဲ့အခါ အပေါက်က အပြင်ဘက်က ပွင့်နေသေးပေမယ့် နှာခေါင်းအတွင်းဘက်မှာတော့ ပြန်ပိတ်နေပါပြီ။ အွန်လိုင်းမှာ ရှာကြည့်တော့လည်း တော်တော်များများရဲ့ အတွေ့အကြုံက အသစ်ပြန်ဖောက်ရတာချည်းပါပဲ။ ဘယ်လိုပဲ ကြိုးစား၊ ကြိုးစား nose ring ပြန်တပ်လို့မရတော့တဲ့အဆုံး piercing specialist နဲ့ပြန်ပြကြည့်တော့ နာရီဝက်လောက်ချွတ်ထားရင်တောင် ပိတ်သွားတတ်ပြီးတော့ piercing လုပ်ထားပြီးတာ ၂ နှစ် ၃ နှစ် ကြာတဲ့အထိ ဒီပြဿနာက ရှိတတ်ပါတယ်တဲ့။ တစ်ချို့တွေဆို ညဘက်အိပ်နေရင်း ကျွတ်သွားတာမျိုးတွေ ဖြစ်နိုင်တဲ့အတွက် အပေါက်ပိတ်သွားပြီး ပြန်တပ်လို့မရတော့ဘူးဆိုရင် စမ်းကြည့်လို့ရမယ့်နည်းတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ နှာခေါင်းမှာတပ်တဲ့ nose hoop တို့၊ nose screw တို့အစား နားကပ်အသေးတစ်ခုနဲ့ အပေါက်ထဲဝင်အောင် ထည့်ကြည့်ပါ။ ပုံမှန်အားဖြင့် နားကပ်အတံတွေက nose ring အတံတွေထက် အရွယ်အစားသေးတော့ piercing လုပ်ထားတဲ့ နှာခေါင်းအေပါက်ထဲကို နားကပ်တံလေးထည့်ကြည့်ပြီး ထည့်လို့ရတယ်ဆိုရင် အဲ့အတိုင်း ၁ နာရီကနေ ၂ နာရီလောက်အထိ ထားထားပေးပါ။ ပြီးရင်တော့ ကိုယ်ဝတ်မယ့် nose ring တို့၊ nose screw တို့ကို ချက်ချင်းပြောင်းလဲတပ်ဆင်ပါ။ အဲလို စမ်းကြည့်လို့မှ အပေါက်ပြန်မပွင့်တော့ဘူးဆိုရင်တော့ အနာကျက်အောင် တစ်ပတ်လောက်စောင့်ပြီး အသစ်ပြန်ဖောက်မှရပါလိမ့်မယ်။

၆။ ချွတ်တိုင်း ဝတ်တိုင်း နာကျင်တတ်ခြင်း

နှာခေါင်းက နားထက်စာရင် sensitive ပိုဖြစ်တဲ့အတွက် nose hoop တို့၊ nose screw တို့ ချွတ်တာ ဝတ်တာတွေမှာ နာနိုင်တဲ့အတွက် ပိုပြီး ဂရုပြုရပါတယ်။ piercing လုပ်ပြီး ၁ နှစ်နီးပါးရှိနေတာတောင်မှ ချွတ်တာ ဝတ်တာ နာတုန်းပါပဲ။ အဲတော့ နှာခေါင်းပေါက်ထဲကို ပိုပြီး ချောချောချူချူ ဝင်အောင် မဝတ်ခင် နှာခေါင်းပေါက်ကို သန့်ရှင်းရေးလုပ်၊ ကိုယ်ဝတ်မယ့် nose hoop တို့၊ nose screw တို့ကို ဆေးကြောသန့်စင်ပြီးမှ ဝတ်ဆင်ရင်တော့ အနာသက်သာပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်စိတ်ကြိုက်ဒီဇိုင်းကို သေချာရွေးပြီး တစ်ခါတည်းဝတ်ထားရင်တော့ ချွတ်ရတပ်ရမလုပ်ရတော့ မနာတော့ဘူးပေါ့။

၇။လုပ်ငန်းခွင် ပြဿနာ

nose piercing လုပ်မယ်ဆိုရင်တော့ ကိုယ်လုပ်ကိုင်နေတဲ့အလုပ်သဘာဝကို ပြန်စဉ်းစားပြီးမှ လုပ်သင့်ပါတယ်။ဥပမာ ကိုယ်က ဘဏ်ဝန်ထမ်း၊ ဒါမှမဟုတ် တီဗီအစီအစဉ်တင်ဆက်သူဆိုရင် အများအားဖြင့်တော့ nose piercing လုပ်ဖို့ သိပ်အဆင်မပြေပါဘူး။ ဒါ့အပြင် ကိုယ်က အလုပ်သစ်တစ်ခုလျှောက်တော့မယ်ဆိုရင်လည်း nose piercing က ဒီမှာ လူအများစု လက်မခံသေးတဲ့အတွက် အင်တာဗျူးဖြေတဲ့အခါမှာ ကိုယ်က nose piercing ရှိတယ်ဆိုရင် nose screw ကို အသေးတကာ့အသေးဆုံးအရွယ်ကို ရွေးပြီးတတ်ဆင်ဖို့ အကြံပြုလိုက်ပါတယ်။ နှာခေါင်းပေါက်နှစ်ခု အကြားကို ဖောက်ထားတဲ့ nose piercing ကတော့ nose screw ကို အထဲဘက်ထဲ ထည့်သွင်းထားလို့ရလို့ ဒီ ပြဿနာကို အလွယ်တကူဖြေရှင်းနိုင်ပါတယ်။ တစ်ခုပဲ။ ကိုယ့်မျက်နှာက နှာခေါင်းဘေးဘက်မှာ ဖောက်တဲ့ nose piercing နဲ့ လိုက်မလား၊ အလယ်ကနေ ဖောက်ထားတဲ့ nose piercing လိုက်မလားကိုတော့ သေချာစဉ်းစားပြီးလုပ်ပါလို့။

 

Words by Insightgiveaways!

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s