Caucasus ဒေသက စွဲမက်ဖွယ် ဂျော်ဂျီယာဟင်းလျာများ

ဂျော်ဂျီယာလို့ပြောရင် အမေရိကန်ပြည်ထောင်စုက ဂျော်ဂျီယာပြည်နယ်ကိုပဲ လူသိများကြပါတယ်။ ဥရောပတိုက်နဲ့ အာရှတိုက်ကြားက နယ်နိမိတ်ဒေသဖြစ်တဲ့ ကော်ကေးရှပ်စ် (Caucasus) ဒေသမှာရှိတဲ့ ဂျော်ဂျီယာနိုင်ငံကိုတော့ လူသိပ်မသိကြပါဘူး။ ကြားဖူးနားဝရှိရင်တောင် ၂၀၀၈ လောက်က ရုရှားနဲ့စစ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးလောက်ပဲ သိကြတာများပါတယ်။ ဂျော်ဂျီယာနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် သီးသန့်နိုင်ငံအနေနဲ့ကွဲထွက်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားနဲ့ အရှေ့ဥရောပနိုင်ငံတွေအကြားမှာတော့ စားသောက်ဖွယ်တွေနဲ့ပတ်သက်ရင် နာမည်ကြီးပါတယ်။ ဒီတစ်လရဲ့ လူသိနည်းတဲ့နေရာတွေအကြောင်းမှာတော့ ဂျော်ဂျီယာနိုင်ငံအကြောင်းအကျဉ်းချုံးနဲ့ ထိပ်တန်းဂျော်ဂျီယာဟင်းလျာ ၅မျိုးအကြောင်းကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဂျော်ဂျီယာနိုင်ငံဟာ ပင်လယ်နက်နဲ့ကပ်လျက်တည်ရှိပြီးတော့ ရုရှား၊ တူရဂီ၊ အာမီးနီးယား၊ အဇာဘိုင်ဂျန်နိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်နေပါတယ်။ ကော်ကေးရှပ်စ် တောင်တန်းတွေအပါအဝင် သဘာဝအလှအပတွေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့စရိုက်တွေ ပေါပေါသီသီရှိပေမယ့် ဂျော်ဂျီယာရဲ့ ခရီးသွားလုပ်ငန်းကတော့ ဖွံဖြိုးဆဲကာလမှာပဲရှိသေးတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေ သိပ်များများစားစားမရှိပါဘူး။  အများစုက Orthodox ခရစ်ယာန်ဘာသာကိုးကွယ်ကြပြီးတော့ ဒေသခံတွေရဲ့ ဖော်ရွေချက်က 9 လောက်ရှိတယ်လို့…Read more Caucasus ဒေသက စွဲမက်ဖွယ် ဂျော်ဂျီယာဟင်းလျာများ

ခရီးသွားခြင်းဟုဆိုရာဝယ်

ယနေ့ခေတ်ရေစီးကြောင်းမှာ iPhone အသစ်ထွက်ရင် အရင်ဆုံးကိုင်မှ၊ ဖက်ရှင်အသစ်ထွက်ရင် အရင်ဆုံးဝတ်မှ၊ apps တွေအသစ်ထွက်ရင် အရင်ဆုံး သုံးလိုက်ရမှ စသဖြင့်  ဘာမဆို “တစ်” ဖြစ်မှ ရေပန်းစားတတ်ပါတယ်။  ခရီးသွားကြတယ်လို့ဆိုရင်လည်း လူသိများတဲ့နေရာမျိုးတွေကို အဓိကသွားကြပြီးတော့ (အထူးသဖြင့် နိုင်ငံခြားခရီး) ရောက်ဖူးပြီးကြောင်း Facebook မှာ check-in လေးဝင်လိုက်ရမှ၊ ဓာတ်ပုံလေးတွေ တင်လိုက်ရမှ။ ဘယ်နှစ်နိင်ငံတော့ ရောက်ဖူးပြီးပြီ။ ဘယ်နှစ်နေရာတော့သွားပြီးပြီစသဖြင့်ပေါ့ ။ ဒါက ခရီးသွားခြင်းက ရနိုင်တဲ့ “sense of accomplishment” ခေါ်  ပြီးမြောက်အောင်မြင်မှုအငွေ့အသက်တစ်မျိုးဖြစ်သလို social media ဆိုတာကလည်း သူငယ်ချင်းတွေကြားချိတ်ဆက်မျှဝေကြတာဆိုလေတော့ ဘာမှကောင်းသည်ဆိုးသည် မပြောသာပါ။  ကိုယ်တင်တဲ့ ဓာတ်ပုံတွေကြည့်ပြီး တခြားသူတွေ ခရီးထွက်ဖြစ်အောင် inspiration ဖြစ်စေနိုင်တဲ့အတွက်လည်း ကောင်းပါတယ်။ ဒါပေမယ့် ခရီးသွားကြပြီဟေ့ဆိုရင် အချိန်ပေး၊…Read more ခရီးသွားခြင်းဟုဆိုရာဝယ်

ဝိုင်ပူပူလေးလုပ်သောက်ကြစို့

သင်္ကြန်မှာ တစ်နေကုန်ကဲ၊ အိမ်ပြန်ရောက်တော့ အအေးပတ်ပြီး နောက်နေ့မကဲနိုင်မှာစိုးရိမ်ဖူးကြမှာပေါ့။ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့နည်းတစ်မျိုးကို အမျိုးတွေကို ပြန်ရှဲပေးချင်လို့ပါ။ အဲဒါကတော့ Hot Wine လုပ်နည်းပါ။ ဝိုင်ဆို အပူလုပ်သောက်တယ်ဆိုလို့ မအံ့သြပါနဲ့။ အနောက်နိုင်ငံတွေမှာဆို Hot Wine က ဆောင်းတွင်းမှာ အရမ်းကို ပေါ်ပြူလာဖြစ်ပါတယ်။ ဆောင်းတွင်းမှာ အေးလွန်းလို့ Hot Wine လေးသောက်ပြီး ခန္ဓာကိုယ်နွေးနွေးထွေးထွေးဖြစ်အောင် လုပ်ကြပါတယ်။ လုပ်နည်းကလည်း လွယ်မှလွယ်ပါပဲ။ အအေးမပတ်အောင် ဝိုင်ပူပူလေးသောက်ကြည့်ချင်တယ်ဆိုရင်တော့ အောက်ကလုပ်နည်းလေးကို ဆက်ဖတ်ကြည့်လိုက်ပါနော်။ ပထမဆုံးဝိုင်ရွေးတဲ့အခါ ဈေးကြီးတဲ့ဝိုင်သုံးဖို့မလိုပါဘူး။ ဝိုင်ကို တခြားအသီးအနှံ၊ အမွှေးအကြိုင်တွေနဲ့ရောမှာမို့ပါ။ Hot Wine လုပ်တဲ့အခါ အများအားဖြင့် ဝိုင်အနီနဲ့လုပ်ကြပါတယ်။ ဈေးလည်းပိုသက်သာတာကိုး။ အဖြူနဲ့လည်းလုပ်လို့ရပါတယ်။ ဒီမှာတော့ ဈေးသက်သက်သာသာရှိအောင် ဝိုင်အနီနဲ့လုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်း (၃ ယောက်စာ)…Read more ဝိုင်ပူပူလေးလုပ်သောက်ကြစို့

Sunscreen ကောင်းကောင်းဘယ်လိုရွေးဝယ်ကြမလဲ

သင်္ကြန်ရက်ကလည်း ကပ်နေပြီဆိုတော့ သင်္ကြန်မှာကဲမယ့်သူတွေပဲဖြစ်ဖြစ်၊ ခရီးထွက်မယ့်သူတွေပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ရင်ခုန်နေကြပြီမဟုတ်လား။ ရာသီဥတုပူပူမှာ အသားအရေထိန်းသိန်းနိုင်ဖို့ sunscreen ကောင်းကောင်းတော့ ဆောင်ထားမှဖြစ်မယ်နော်။ ဒါကြောင့် ကိုယ့်အသားအရည်နဲ့ကိုက်မယ့် sunscreen ကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ။ ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ကင်မ်ချီစီးရီး (၁)

ဒီနေ့ခေတ်လူငယ်အတော်များများဟာ ကျန်းမာရေးလိုက်စားလာကြပြီးတော့ Gym ဆော့တာ၊ diet လုပ်တာတွေကို စိတ်ဝင်တစားရှိလာတာတွေ့ရပါတယ်။ Gym ဆော့ရာမှာ ကိုယ်တိုင်သွားဖို့ ပျင်းနေတယ်ဆိုတာကလွဲလို့ အနှောင့်အတားမရှိတတ်ပေမယ့် ချဉ်ငံစပ်စားဖွယ်စုံပေါများတဲ့ ကိုယ်တွေနိုင်ငံမှာ ဘယ်နားသွားသွား အရသာစုံစားချင်စရာတွေချည်းဆိုတော့ ဝိတ်လျှော့ချင်တဲ့ ကိုကိုမမတွေအတွက် အစားရှောင်ဖို့က မလွယ်လှပါဘူး။ ဝိတ်ချစာတွေက အရသာမတွေ့တော့ ဟိုဟာလေးစားမိ၊ ဒီဟာလေးစားမိနဲ့ ဝိတ်ပိုတက်မှာတောင်ကြောက်ရသေးမဟုတ်လား။ အဲတော့ ချဉ်ငံစပ်အရသာလည်းစုံ၊ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ ကင်မ်ချီကိုသွားသတိရမိလို့ တတ်သိသမျှ ကင်မ်ချီလုပ်နည်းလေးတွေကို အပိုင်းလေးတွေခွဲပြီး ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

စီဆီလီကျွန်းကို လည်ပတ်သင့်တဲ့ အကြောင်းရင်း ၇ ချက်

စီဆီလီကျွန်းဟာ မြေထဲပင်လယ်ထဲက အကြီးဆုံးကျွန်းဖြစ်ပြီးတော့ ပြီးခဲ့တဲ့လက တင်ဆက်ပေးထားတဲ့ မာ(လ်)တာနဲ့လည်း အတော်လေး အလှမ်းနီးပါးတယ်။ စီဆီလီ လို့ ပြောရင် မာဖီးယားဂိုဏ်းအစပြုရာနေရာအဖြစ်သာ လူသိများပေမယ့် စီဆီလီရဲ့ သဘာဝအလှပတ်ဝန်းကျင်နဲ့ နှစ်လိုဖွယ် နေထိုင်မှုဓလေ့တွေကို သိပ်သတိမထားမိကြပါဘူး။ စီဆီလီကျွန်းရဲ့ ဂုဏ်သတ္တိတွေထဲကမှ ဘာကြောင့် စီဆီလီကို လည်သင့်တာလဲဆိုတဲ့ အဓိကအချက် ၇ ချက်ကို အလေးပေးတင်ဆက်ပေးသွားပါမယ်။

အွန်လိုင်းဝယ်ရောင်းဈေးကွက်များ

အသစ်လေးထွက်လို့၊ လှလို့ ဆိုပြီး အသုံးမလိုဘဲ ဝယ်ထားမိတဲ့ ပစ္စည်းတွေ အိမ်မှာ ဘယ်လောက်များများစုပုံနေပြီလဲ။ မလိုအပ်တာတွေကို အွန်လိုင်းမှာ ရောင်းပြီး ငွေပြန်ပေါ်အောင် လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ ရောင်းမယ့် ပစ္စည်းအမျိုးအစား၊ တည်နေရာ၊ ပစ္စည်းအကြောင်း အသေးစိတ်ဖော်ပြချက်၊ ဈေးနှုန်းနဲ့ ဓာတ်ပုံတင်ပြီး ရောင်းလိုက်ရုံပဲမဟုတ်လား။ ဒါပေမယ့် တစ်ကယ့်တစ်ကယ် ရောင်းတော့မယ်ဆိုရင် သုံးရတာလွယ်ကူမယ့်၊ မြန်မြန်နဲ့ ရောင်းထွက်နိုင်မယ့်နည်းတွေကို စဉ်းစားဖို့လိုလာပါတယ်။ အဲတော့ အွန်လိုင်းကနေ အရောင်းအဝယ်လုပ်တဲ့အခါ ဘယ်လို app တွေ၊ website တွေ သုံးရင်ကောင်းမလဲဆိုတာ စုစည်းဖော်ပြပေးလိုက်ပါတယ်။