ကင်မ်ချီစီးရီး (၂)

ကင်မ်ချီကြိုက်သူတွေအတွက် နောက်ထပ်ကင်မ်ချီလုပ်နည်းတစ်မျိုးလာပြီနော်။ ဒီတစ်ပတ်တော့ သခွားသီးကင်မ်ချီလေးလုပ်စားရအောင်။ သခွားသီးနဲ့လုပ်တဲ့ကင်မ်ချီကတော့ လတ်ဆတ်ချိုမြလို့ လုပ်ပြီးတာနဲ့ကို တစ်ဝက်လောက်ကျိုးသွားမယ်။ မြည်းကောင်းကောင်းနဲ့ မြည်းနေလို့လေ။ ကဲ လုပ်နည်းလေးကြည့်လိုက်ကြပါစို့။

Sunscreen ကောင်းကောင်းဘယ်လိုရွေးဝယ်ကြမလဲ

သင်္ကြန်ရက်ကလည်း ကပ်နေပြီဆိုတော့ သင်္ကြန်မှာကဲမယ့်သူတွေပဲဖြစ်ဖြစ်၊ ခရီးထွက်မယ့်သူတွေပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ရင်ခုန်နေကြပြီမဟုတ်လား။ ရာသီဥတုပူပူမှာ အသားအရေထိန်းသိန်းနိုင်ဖို့ sunscreen ကောင်းကောင်းတော့ ဆောင်ထားမှဖြစ်မယ်နော်။ ဒါကြောင့် ကိုယ့်အသားအရည်နဲ့ကိုက်မယ့် sunscreen ကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ။ ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ကင်မ်ချီစီးရီး (၁)

ဒီနေ့ခေတ်လူငယ်အတော်များများဟာ ကျန်းမာရေးလိုက်စားလာကြပြီးတော့ Gym ဆော့တာ၊ diet လုပ်တာတွေကို စိတ်ဝင်တစားရှိလာတာတွေ့ရပါတယ်။ Gym ဆော့ရာမှာ ကိုယ်တိုင်သွားဖို့ ပျင်းနေတယ်ဆိုတာကလွဲလို့ အနှောင့်အတားမရှိတတ်ပေမယ့် ချဉ်ငံစပ်စားဖွယ်စုံပေါများတဲ့ ကိုယ်တွေနိုင်ငံမှာ ဘယ်နားသွားသွား အရသာစုံစားချင်စရာတွေချည်းဆိုတော့ ဝိတ်လျှော့ချင်တဲ့ ကိုကိုမမတွေအတွက် အစားရှောင်ဖို့က မလွယ်လှပါဘူး။ ဝိတ်ချစာတွေက အရသာမတွေ့တော့ ဟိုဟာလေးစားမိ၊ ဒီဟာလေးစားမိနဲ့ ဝိတ်ပိုတက်မှာတောင်ကြောက်ရသေးမဟုတ်လား။ အဲတော့ ချဉ်ငံစပ်အရသာလည်းစုံ၊ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ ကင်မ်ချီကိုသွားသတိရမိလို့ တတ်သိသမျှ ကင်မ်ချီလုပ်နည်းလေးတွေကို အပိုင်းလေးတွေခွဲပြီး ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

စီဆီလီကျွန်းကို လည်ပတ်သင့်တဲ့ အကြောင်းရင်း ၇ ချက်

စီဆီလီကျွန်းဟာ မြေထဲပင်လယ်ထဲက အကြီးဆုံးကျွန်းဖြစ်ပြီးတော့ ပြီးခဲ့တဲ့လက တင်ဆက်ပေးထားတဲ့ မာ(လ်)တာနဲ့လည်း အတော်လေး အလှမ်းနီးပါးတယ်။ စီဆီလီ လို့ ပြောရင် မာဖီးယားဂိုဏ်းအစပြုရာနေရာအဖြစ်သာ လူသိများပေမယ့် စီဆီလီရဲ့ သဘာဝအလှပတ်ဝန်းကျင်နဲ့ နှစ်လိုဖွယ် နေထိုင်မှုဓလေ့တွေကို သိပ်သတိမထားမိကြပါဘူး။ စီဆီလီကျွန်းရဲ့ ဂုဏ်သတ္တိတွေထဲကမှ ဘာကြောင့် စီဆီလီကို လည်သင့်တာလဲဆိုတဲ့ အဓိကအချက် ၇ ချက်ကို အလေးပေးတင်ဆက်ပေးသွားပါမယ်။

အွန်လိုင်းဝယ်ရောင်းဈေးကွက်များ

အသစ်လေးထွက်လို့၊ လှလို့ ဆိုပြီး အသုံးမလိုဘဲ ဝယ်ထားမိတဲ့ ပစ္စည်းတွေ အိမ်မှာ ဘယ်လောက်များများစုပုံနေပြီလဲ။ မလိုအပ်တာတွေကို အွန်လိုင်းမှာ ရောင်းပြီး ငွေပြန်ပေါ်အောင် လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ ရောင်းမယ့် ပစ္စည်းအမျိုးအစား၊ တည်နေရာ၊ ပစ္စည်းအကြောင်း အသေးစိတ်ဖော်ပြချက်၊ ဈေးနှုန်းနဲ့ ဓာတ်ပုံတင်ပြီး ရောင်းလိုက်ရုံပဲမဟုတ်လား။ ဒါပေမယ့် တစ်ကယ့်တစ်ကယ် ရောင်းတော့မယ်ဆိုရင် သုံးရတာလွယ်ကူမယ့်၊ မြန်မြန်နဲ့ ရောင်းထွက်နိုင်မယ့်နည်းတွေကို စဉ်းစားဖို့လိုလာပါတယ်။ အဲတော့ အွန်လိုင်းကနေ အရောင်းအဝယ်လုပ်တဲ့အခါ ဘယ်လို app တွေ၊ website တွေ သုံးရင်ကောင်းမလဲဆိုတာ စုစည်းဖော်ပြပေးလိုက်ပါတယ်။

နမ်တောက်အသားကင်သုပ်နည်း (Neua Nam Tok)

Insightgiveaways က ဒီတစ်ပတ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းက နာမည်ကြီးဒေသစာဖြစ်တဲ့ နမ်တောက်အသားကင်သုပ် လုပ်စားဖြစ်လို့ ချဉ်ငံစပ်အသုပ်မျိုးကြိုက်သူတွေအတွက် ချက်နည်းလေး ဝေမျှပေးလိုက်ပါတယ်။ ထိုင်းအသားကင်သုပ်အတွက် ကြိုက်နှစ်သက်ရာအသားကို သုံးနိုင်ပါတယ်။ Steak လိုမျိုးကင်ထားတဲ့ အမဲသားကတော့ အကောင်းဆုံးမို့ ဒီချက်နည်းထဲမှာတော့ အမဲသားကိုသုံးပါမယ်။  ကဲ စချက်လိုက်ရအောင်။ အသားကင်သုပ်ဖြစ်လို့ ဒီဟင်းချက်နည်းမှာ အသားနယ်ပြီးကင်တာက တစ်ဆင့်၊ နောက်ပြီး အသုပ်သုပ်တာက တစ်ဆင့် ၊ အဆင့်နှစ်ဆင့် ပါပါတယ်။ အသားနယ်ဖို့ပါဝင်ပစ္စည်းတွေကတော့ ….. အမဲသား ၂၀ ကျပ်သား ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်း ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း သံပုရာသီးအရည် စားပွဲတင်ဇွန်း ၁ ဇွန်း သကြား စားပွဲတင်ဇွန်း ၁ ဇွန်း ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၄…Read more နမ်တောက်အသားကင်သုပ်နည်း (Neua Nam Tok)

မာ(လ်)တာ သို့မဟုတ် အိပ်မက်ကျွန်းနိုင်ငံ

မာ(လ်)တာ (Malta) ကျွန်းစုနိုင်ငံလေးဟာ မြန်မာပြည်မှာ လူသိနည်းပေမယ့် နိုင်ငံတကာ ခရီးသွားဖိုရမ်တွေမှာတော့ ထိပ်ပြေးတဲ့ နေရာတစ်ခုပါ။ ရန်ကုန်မြို့ရဲ့ ထက်ဝက်ကျော်လောက်ပဲကျယ်ဝန်းတဲ့ မာ(လ်)တာရဲ့ ထူးခြားချက်ကတော့ ဒီလိုအကျယ်အဝန်းသေးသေးလေးထဲမှာ လူတိုင်းအတွက် ရင်သပ်ရှုမောဖွယ်တွေ ရှိနေလို့ပါပဲ။ ဥရောပကို ခြေဆန့်ချင်သူတွေအတွက်တော့ top destination တစ်ခုဖြစ်လို့ ဒီကျွန်းနိုင်ငံလေးအကြောင်း တစ်စေ့တစ်စောင်း လေ့လာကြည့်ကြပါစို့။