Caucasus ဒေသက စွဲမက်ဖွယ် ဂျော်ဂျီယာဟင်းလျာများ

ဂျော်ဂျီယာလို့ပြောရင် အမေရိကန်ပြည်ထောင်စုက ဂျော်ဂျီယာပြည်နယ်ကိုပဲ လူသိများကြပါတယ်။ ဥရောပတိုက်နဲ့ အာရှတိုက်ကြားက နယ်နိမိတ်ဒေသဖြစ်တဲ့ ကော်ကေးရှပ်စ် (Caucasus) ဒေသမှာရှိတဲ့ ဂျော်ဂျီယာနိုင်ငံကိုတော့ လူသိပ်မသိကြပါဘူး။ ကြားဖူးနားဝရှိရင်တောင် ၂၀၀၈ လောက်က ရုရှားနဲ့စစ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးလောက်ပဲ သိကြတာများပါတယ်။ ဂျော်ဂျီယာနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် သီးသန့်နိုင်ငံအနေနဲ့ကွဲထွက်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားနဲ့ အရှေ့ဥရောပနိုင်ငံတွေအကြားမှာတော့ စားသောက်ဖွယ်တွေနဲ့ပတ်သက်ရင် နာမည်ကြီးပါတယ်။ ဒီတစ်လရဲ့ လူသိနည်းတဲ့နေရာတွေအကြောင်းမှာတော့ ဂျော်ဂျီယာနိုင်ငံအကြောင်းအကျဉ်းချုံးနဲ့ ထိပ်တန်းဂျော်ဂျီယာဟင်းလျာ ၅မျိုးအကြောင်းကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဂျော်ဂျီယာနိုင်ငံဟာ ပင်လယ်နက်နဲ့ကပ်လျက်တည်ရှိပြီးတော့ ရုရှား၊ တူရဂီ၊ အာမီးနီးယား၊ အဇာဘိုင်ဂျန်နိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်နေပါတယ်။ ကော်ကေးရှပ်စ် တောင်တန်းတွေအပါအဝင် သဘာဝအလှအပတွေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့စရိုက်တွေ ပေါပေါသီသီရှိပေမယ့် ဂျော်ဂျီယာရဲ့ ခရီးသွားလုပ်ငန်းကတော့ ဖွံဖြိုးဆဲကာလမှာပဲရှိသေးတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေ သိပ်များများစားစားမရှိပါဘူး။  အများစုက Orthodox ခရစ်ယာန်ဘာသာကိုးကွယ်ကြပြီးတော့ ဒေသခံတွေရဲ့ ဖော်ရွေချက်က 9 လောက်ရှိတယ်လို့…Read more Caucasus ဒေသက စွဲမက်ဖွယ် ဂျော်ဂျီယာဟင်းလျာများ

Advertisements

ကင်မ်ချီစီးရီး (၂)

ကင်မ်ချီကြိုက်သူတွေအတွက် နောက်ထပ်ကင်မ်ချီလုပ်နည်းတစ်မျိုးလာပြီနော်။ ဒီတစ်ပတ်တော့ သခွားသီးကင်မ်ချီလေးလုပ်စားရအောင်။ သခွားသီးနဲ့လုပ်တဲ့ကင်မ်ချီကတော့ လတ်ဆတ်ချိုမြလို့ လုပ်ပြီးတာနဲ့ကို တစ်ဝက်လောက်ကျိုးသွားမယ်။ မြည်းကောင်းကောင်းနဲ့ မြည်းနေလို့လေ။ ကဲ လုပ်နည်းလေးကြည့်လိုက်ကြပါစို့။

ကင်မ်ချီစီးရီး (၁)

ဒီနေ့ခေတ်လူငယ်အတော်များများဟာ ကျန်းမာရေးလိုက်စားလာကြပြီးတော့ Gym ဆော့တာ၊ diet လုပ်တာတွေကို စိတ်ဝင်တစားရှိလာတာတွေ့ရပါတယ်။ Gym ဆော့ရာမှာ ကိုယ်တိုင်သွားဖို့ ပျင်းနေတယ်ဆိုတာကလွဲလို့ အနှောင့်အတားမရှိတတ်ပေမယ့် ချဉ်ငံစပ်စားဖွယ်စုံပေါများတဲ့ ကိုယ်တွေနိုင်ငံမှာ ဘယ်နားသွားသွား အရသာစုံစားချင်စရာတွေချည်းဆိုတော့ ဝိတ်လျှော့ချင်တဲ့ ကိုကိုမမတွေအတွက် အစားရှောင်ဖို့က မလွယ်လှပါဘူး။ ဝိတ်ချစာတွေက အရသာမတွေ့တော့ ဟိုဟာလေးစားမိ၊ ဒီဟာလေးစားမိနဲ့ ဝိတ်ပိုတက်မှာတောင်ကြောက်ရသေးမဟုတ်လား။ အဲတော့ ချဉ်ငံစပ်အရသာလည်းစုံ၊ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ ကင်မ်ချီကိုသွားသတိရမိလို့ တတ်သိသမျှ ကင်မ်ချီလုပ်နည်းလေးတွေကို အပိုင်းလေးတွေခွဲပြီး ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

နမ်တောက်အသားကင်သုပ်နည်း (Neua Nam Tok)

Insightgiveaways က ဒီတစ်ပတ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းက နာမည်ကြီးဒေသစာဖြစ်တဲ့ နမ်တောက်အသားကင်သုပ် လုပ်စားဖြစ်လို့ ချဉ်ငံစပ်အသုပ်မျိုးကြိုက်သူတွေအတွက် ချက်နည်းလေး ဝေမျှပေးလိုက်ပါတယ်။ ထိုင်းအသားကင်သုပ်အတွက် ကြိုက်နှစ်သက်ရာအသားကို သုံးနိုင်ပါတယ်။ Steak လိုမျိုးကင်ထားတဲ့ အမဲသားကတော့ အကောင်းဆုံးမို့ ဒီချက်နည်းထဲမှာတော့ အမဲသားကိုသုံးပါမယ်။  ကဲ စချက်လိုက်ရအောင်။ အသားကင်သုပ်ဖြစ်လို့ ဒီဟင်းချက်နည်းမှာ အသားနယ်ပြီးကင်တာက တစ်ဆင့်၊ နောက်ပြီး အသုပ်သုပ်တာက တစ်ဆင့် ၊ အဆင့်နှစ်ဆင့် ပါပါတယ်။ အသားနယ်ဖို့ပါဝင်ပစ္စည်းတွေကတော့ ….. အမဲသား ၂၀ ကျပ်သား ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်း ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း သံပုရာသီးအရည် စားပွဲတင်ဇွန်း ၁ ဇွန်း သကြား စားပွဲတင်ဇွန်း ၁ ဇွန်း ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၄…Read more နမ်တောက်အသားကင်သုပ်နည်း (Neua Nam Tok)