Nose piercing မလုပ်ခင် သိထားသင့်တဲ့အချက် ၇ ချက်

တက်တူးထိုးတာ၊ piercing လုပ်တာတွေက လူငယ်တွေကြားမှာ အထာကျကျစတိုင်အဖြစ် ထင်ပေါ်တဲ့ ဖက်ရှင်တစ်မျိုးပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲလို တက်တူးထိုးတာ၊ piercing လုပ်တာကို လမ်းဘေးစတိုင်လို့ မြင်တတ်ကြပြီး အထူးသဖြင့်တော့ မိဘတွေက ကန့်ကွက်ကြပါတယ်။ တက်တူးထိုးသူတွေ တစ်နေ့ထက်တစ်နေ့များလာပေမယ့်လည်း ယနေ့အချိန်အထိ တက်တူးထိုးတာ ကောင်းတယ်၊ မကောင်းဘူး အမြင်ကတော့ ကွဲလွဲနေဆဲပါပဲ။ အဲ လောလောဆယ်မှာတော့ piercing လုပ်သူအရေအတွက်က တက်တူးထိုးသူထက်တော့ နည်းပါတယ်။ piercing ကတော့ တက်တူးလို ဖျက်ရခက်တာမျိုးမဟုတ်ဘဲနဲ့ အချိန်အနည်းငယ်ပေးရင် နဂိုအတိုင်းပြန်ဖြစ်တာမို့ တကယ်လို့များ နှာခေါင်းမှာ piercing လုပ်မယ်လို့ စဉ်းစားနေပြီဆိုရင်တော့ အောက်ကအချက်လေးတွေကို ဖတ်ဖြစ်အောင်ဖတ်ကြည့်စေချင်ပါတယ်။

ကင်မ်ချီစီးရီး (၁)

ဒီနေ့ခေတ်လူငယ်အတော်များများဟာ ကျန်းမာရေးလိုက်စားလာကြပြီးတော့ Gym ဆော့တာ၊ diet လုပ်တာတွေကို စိတ်ဝင်တစားရှိလာတာတွေ့ရပါတယ်။ Gym ဆော့ရာမှာ ကိုယ်တိုင်သွားဖို့ ပျင်းနေတယ်ဆိုတာကလွဲလို့ အနှောင့်အတားမရှိတတ်ပေမယ့် ချဉ်ငံစပ်စားဖွယ်စုံပေါများတဲ့ ကိုယ်တွေနိုင်ငံမှာ ဘယ်နားသွားသွား အရသာစုံစားချင်စရာတွေချည်းဆိုတော့ ဝိတ်လျှော့ချင်တဲ့ ကိုကိုမမတွေအတွက် အစားရှောင်ဖို့က မလွယ်လှပါဘူး။ ဝိတ်ချစာတွေက အရသာမတွေ့တော့ ဟိုဟာလေးစားမိ၊ ဒီဟာလေးစားမိနဲ့ ဝိတ်ပိုတက်မှာတောင်ကြောက်ရသေးမဟုတ်လား။ အဲတော့ ချဉ်ငံစပ်အရသာလည်းစုံ၊ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ ကင်မ်ချီကိုသွားသတိရမိလို့ တတ်သိသမျှ ကင်မ်ချီလုပ်နည်းလေးတွေကို အပိုင်းလေးတွေခွဲပြီး ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

စီဆီလီကျွန်းကို လည်ပတ်သင့်တဲ့ အကြောင်းရင်း ၇ ချက်

စီဆီလီကျွန်းဟာ မြေထဲပင်လယ်ထဲက အကြီးဆုံးကျွန်းဖြစ်ပြီးတော့ ပြီးခဲ့တဲ့လက တင်ဆက်ပေးထားတဲ့ မာ(လ်)တာနဲ့လည်း အတော်လေး အလှမ်းနီးပါးတယ်။ စီဆီလီ လို့ ပြောရင် မာဖီးယားဂိုဏ်းအစပြုရာနေရာအဖြစ်သာ လူသိများပေမယ့် စီဆီလီရဲ့ သဘာဝအလှပတ်ဝန်းကျင်နဲ့ နှစ်လိုဖွယ် နေထိုင်မှုဓလေ့တွေကို သိပ်သတိမထားမိကြပါဘူး။ စီဆီလီကျွန်းရဲ့ ဂုဏ်သတ္တိတွေထဲကမှ ဘာကြောင့် စီဆီလီကို လည်သင့်တာလဲဆိုတဲ့ အဓိကအချက် ၇ ချက်ကို အလေးပေးတင်ဆက်ပေးသွားပါမယ်။

Hitchhiking (ကားကြုံတားစီးခြင်း) အကြောင်း တစ်စေ့တစ်စောင်း

နိုင်ငံတကာမှာ ခေတ်စားတဲ့ ခရီးသွားနည်းတစ်မျိုးဖြစ်တဲ့ Hitchhiking အကြောင်းကိုတော့ အရင်က ရေးထားတဲ့ ဥရောပကို စရိတ်သက်သက်သာသာနဲ့ ဘယ်လိုခရီးသွားကြမလဲ ဆိုတဲ့ ပို့စ်မှာ Intro ပြောထားတာ မှတ်မိကြမယ်ထင်ပါတယ်။ (မမှတ်မိရင်လည်း လင့်ခ်ထဲဝင်ပြီး ပြန်ဖတ်ကြည့်လိုက်နော်။ ) ဒီတစ်ခေါက်တော့ Hitchhiking အကြောင်းကို နည်းနည်းလောက် သေချာလေ့လာကြည့်လိုက်ရအောင်။

ဒီဂျစ်တယ်မိဘများအတွက် ဒီဂျစ်တယ်အုပ်ထိန်းနည်းလမ်းကောင်းများ

ဒီဂျစ်တယ်ခေတ်မှာ ဆယ်ကျော်သက်တွေ social media အသုံးပြုမှုက တစစ မြင့်တက်လာပါတယ်။ ဒါကိုတားဆီးဖို့ဆိုတာလည်း မဖြစ်နိုင်သလို ဖြစ်လည်းမဖြစ်သင့်ဘူးလို့ဆိုရမှာပါ။ အလျင်အမြန်တိုးတက်နေတဲ့ခေတ်မှာ ခေတ်ရေစီးကြောင်းက နည်းပညာအသစ်တွေကို သိရှိဖို့ကလည်း ယနေ့ခေတ်ရဲ့ လိုအပ်ချက်ဖြစ်လာနေလို့ပါ။ ဒါပေမယ့် ဆယ်ကျော်သက်လေးတွေ social media သုံးတဲ့နေရာမှ အုပ်ထိန်းသူတွေအနေနဲ့ လမ်းကြောင်းပြပေး၊ ထိန်းကွပ်ပေးနိုင်ဖို့တော့ လိုပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ Facebook အသုံးပြုမှုပိုများတဲ့အတွက် ဆယ်ကျော်သက်ကလေးတွေ ဆိုရှယ်မီဒီယာအသုံးပြုမှုကို ထိန်းကျောင်းရာမှာ ဘာတွေလုပ်ရင်ကောင်းမလဲဆိုတာကို အဲ့ဆိုက်ဒ်ပေါ်မှာ အများဆုံးအခြေခံပြီးတင်ပြပေးသွားပါမယ်။

အကောင်းဆုံးခရီးသွားရုပ်ရှင်ကား ၆ ကားနဲ့ ဘဝသင်ခန်းစာများ

ဘဝဆိုတာ ခရီးသွားခြင်းပါပဲ။ လမ်းတစ်လျှောက်မှာ လူတွေနဲ့တွေ့ဆုံမိတ်ဖွဲ့၊​ မသိတာတွေသင်ယူ၊ အချိန်တန်တော့ ခွဲခွာပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြရပါတယ်။ အဲလိုပါပဲ။ ဘဝကပေးတဲ့ သင်ခန်းစာတွေကို ခရီးသွားရင်းကတစ်ဆင့် အများဆုံးသင်ယူနိုင်ပါတယ်။ ဒါကြောင့် သင်ခန်းစာယူနိုင်တဲ့ အကောင်းဆုံးခရီးသွားရုပ်ရှင်တွေနဲ့ အဲ့ကရတဲ့ ဘဝသင်ခန်းစာတွေအကြောင်းကို လေ့လာကြည့်ကြပါစို့။