ဥရောပကို ယူရို ၃၀၀ လောက်နဲ့ အသွားအပြန်လုပ်နိုင်တဲ့ စင်ကာပူသက်သာချောင်ချိလေကြောင်းလိုင်း (SPONSORED CONTENT လုံးဝလုံးဝ မဟုတ်ပါ။ )

စင်ကာပူအခြေစိုက် Scoot လေကြောင်းလိုင်းက အသစ်စက်စက်မဟုတ်ပေမယ့် ဉရောပဘက်ကို စတင်ပြေးဆွဲတာတော့ မကြာသေးပါဘူး။ လောလောဆယ်မှာတော့ စင်ကာပူကနေ ဥရောပဘက်အခြမ်းကို ပျံသန်းရာမှာ ဂရိနိုင်ငံ၊ အေသင်မြို့တစ်မြို့ထဲကိုပဲစတင်ပြေးဆွဲနေပါတယ်။ ​ Scoot လေကြောင်းလိုင်းဟာ လူငယ်တွေအတွက်အဓိကထားတဲ့လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး သက်သက်သာသာနဲ့ ကမ္ဘာအနှံ့ကို သွားလာနိုင်မှာဖြစ်ပါတယ်။

Advertisements

Caucasus ဒေသက စွဲမက်ဖွယ် ဂျော်ဂျီယာဟင်းလျာများ

ဂျော်ဂျီယာလို့ပြောရင် အမေရိကန်ပြည်ထောင်စုက ဂျော်ဂျီယာပြည်နယ်ကိုပဲ လူသိများကြပါတယ်။ ဥရောပတိုက်နဲ့ အာရှတိုက်ကြားက နယ်နိမိတ်ဒေသဖြစ်တဲ့ ကော်ကေးရှပ်စ် (Caucasus) ဒေသမှာရှိတဲ့ ဂျော်ဂျီယာနိုင်ငံကိုတော့ လူသိပ်မသိကြပါဘူး။ ကြားဖူးနားဝရှိရင်တောင် ၂၀၀၈ လောက်က ရုရှားနဲ့စစ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးလောက်ပဲ သိကြတာများပါတယ်။ ဂျော်ဂျီယာနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် သီးသန့်နိုင်ငံအနေနဲ့ကွဲထွက်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားနဲ့ အရှေ့ဥရောပနိုင်ငံတွေအကြားမှာတော့ စားသောက်ဖွယ်တွေနဲ့ပတ်သက်ရင် နာမည်ကြီးပါတယ်။ ဒီတစ်လရဲ့ လူသိနည်းတဲ့နေရာတွေအကြောင်းမှာတော့ ဂျော်ဂျီယာနိုင်ငံအကြောင်းအကျဉ်းချုံးနဲ့ ထိပ်တန်းဂျော်ဂျီယာဟင်းလျာ ၅မျိုးအကြောင်းကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဂျော်ဂျီယာနိုင်ငံဟာ ပင်လယ်နက်နဲ့ကပ်လျက်တည်ရှိပြီးတော့ ရုရှား၊ တူရဂီ၊ အာမီးနီးယား၊ အဇာဘိုင်ဂျန်နိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်နေပါတယ်။ ကော်ကေးရှပ်စ် တောင်တန်းတွေအပါအဝင် သဘာဝအလှအပတွေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့စရိုက်တွေ ပေါပေါသီသီရှိပေမယ့် ဂျော်ဂျီယာရဲ့ ခရီးသွားလုပ်ငန်းကတော့ ဖွံဖြိုးဆဲကာလမှာပဲရှိသေးတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေ သိပ်များများစားစားမရှိပါဘူး။  အများစုက Orthodox ခရစ်ယာန်ဘာသာကိုးကွယ်ကြပြီးတော့ ဒေသခံတွေရဲ့ ဖော်ရွေချက်က 9 လောက်ရှိတယ်လို့…Read more Caucasus ဒေသက စွဲမက်ဖွယ် ဂျော်ဂျီယာဟင်းလျာများ

စီဆီလီကျွန်းကို လည်ပတ်သင့်တဲ့ အကြောင်းရင်း ၇ ချက်

စီဆီလီကျွန်းဟာ မြေထဲပင်လယ်ထဲက အကြီးဆုံးကျွန်းဖြစ်ပြီးတော့ ပြီးခဲ့တဲ့လက တင်ဆက်ပေးထားတဲ့ မာ(လ်)တာနဲ့လည်း အတော်လေး အလှမ်းနီးပါးတယ်။ စီဆီလီ လို့ ပြောရင် မာဖီးယားဂိုဏ်းအစပြုရာနေရာအဖြစ်သာ လူသိများပေမယ့် စီဆီလီရဲ့ သဘာဝအလှပတ်ဝန်းကျင်နဲ့ နှစ်လိုဖွယ် နေထိုင်မှုဓလေ့တွေကို သိပ်သတိမထားမိကြပါဘူး။ စီဆီလီကျွန်းရဲ့ ဂုဏ်သတ္တိတွေထဲကမှ ဘာကြောင့် စီဆီလီကို လည်သင့်တာလဲဆိုတဲ့ အဓိကအချက် ၇ ချက်ကို အလေးပေးတင်ဆက်ပေးသွားပါမယ်။

Hitchhiking (ကားကြုံတားစီးခြင်း) အကြောင်း တစ်စေ့တစ်စောင်း

နိုင်ငံတကာမှာ ခေတ်စားတဲ့ ခရီးသွားနည်းတစ်မျိုးဖြစ်တဲ့ Hitchhiking အကြောင်းကိုတော့ အရင်က ရေးထားတဲ့ ဥရောပကို စရိတ်သက်သက်သာသာနဲ့ ဘယ်လိုခရီးသွားကြမလဲ ဆိုတဲ့ ပို့စ်မှာ Intro ပြောထားတာ မှတ်မိကြမယ်ထင်ပါတယ်။ (မမှတ်မိရင်လည်း လင့်ခ်ထဲဝင်ပြီး ပြန်ဖတ်ကြည့်လိုက်နော်။ ) ဒီတစ်ခေါက်တော့ Hitchhiking အကြောင်းကို နည်းနည်းလောက် သေချာလေ့လာကြည့်လိုက်ရအောင်။

အကောင်းဆုံးခရီးသွားရုပ်ရှင်ကား ၆ ကားနဲ့ ဘဝသင်ခန်းစာများ

ဘဝဆိုတာ ခရီးသွားခြင်းပါပဲ။ လမ်းတစ်လျှောက်မှာ လူတွေနဲ့တွေ့ဆုံမိတ်ဖွဲ့၊​ မသိတာတွေသင်ယူ၊ အချိန်တန်တော့ ခွဲခွာပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြရပါတယ်။ အဲလိုပါပဲ။ ဘဝကပေးတဲ့ သင်ခန်းစာတွေကို ခရီးသွားရင်းကတစ်ဆင့် အများဆုံးသင်ယူနိုင်ပါတယ်။ ဒါကြောင့် သင်ခန်းစာယူနိုင်တဲ့ အကောင်းဆုံးခရီးသွားရုပ်ရှင်တွေနဲ့ အဲ့ကရတဲ့ ဘဝသင်ခန်းစာတွေအကြောင်းကို လေ့လာကြည့်ကြပါစို့။

ခရီးသွားခြင်းက လူတိုင်းအတွက်ပါ

ပိုက်ဆံပေါများပိုလျှံမှ ခရီးသွားနိုင်မယ်ဆိုတဲ့ အတွေးက လူတော်တော်များများစိတ်ထဲမှာ ရှိနေတတ်ပါတယ်။ဒါကလည်း ခရီးသွားတာနဲ့ အပန်းဖြေဇိမ်ခံခရီးထွက်တာနှစ်ခု (Traveling & Vacation) ကို ကွဲကွဲပြားပြားဂရုမပြုမိတဲ့အတွက် ခရီးသွားနိုင်ဖို့ ငွေက အဓိကကျတယ်လို့ တွေးမိတာပဲဖြစ်ပါလိမ့်မယ်။ အမှန်တကယ်တော့ ခရီးသွားခြင်းဆိုတာ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး၊ ကျားမမရွေးအတွက်ပါ။ အဓိက က ခရီးတကယ်သွားချင်တဲ့ ဆန္ဒရှိဖို့နဲ့ အမှန်တကယ်အကောင်အထည်ဖော်ဖို့ပဲလိုတာပါ။ အဲတော့ ငွေပေါများချိန်ကို စောင့်စရာမလိုဘဲ ဘယ်လိုခရီးသွားကြမလဲဆိုတာ အဖြေရှာကြရအောင်။

ဥရောပကို အသက်သာဆုံးဈေးနဲ့ ဘယ်လိုခရီးသွားကြမလဲ (How to Travel cheap to Europe)

ပိုက်ဆံချမ်းသာမှ ဥေရာပနိုင်ငံေတွကို အလည်သွားနိုင်မယ်ဆိုတဲ့ ယုံတမ်းစကားေတွကို အတိတ်မှာချန်ထားခဲ့လိုက်ပါေတာ့။ သာမန်၀န်ထမ်းလစာကိုစုြပီးလည်း ဥေရာပကိုအလည်သွားနိုင်ပါတယ်။ မယုံဘူးလား။ ဒီ blog post ကို ဆုံးေအာင်ဖတ်ြပီး ဟုတ်မဟုတ် အ ေြဖရှာလိုက်ပါ။