GoTs ပရိတ်သတ်တွေ အလည်အပတ်သွားသင့်တဲ့ အလှပဆုံးGame of Thrones ရိုက်ကူးရေးနေရာ ၅ခု

ခန့်မှန်းရခက်တဲ့ ဇာတ်ကြောရိုး၊ ခေတ်လည်ပိုင်းက မြေခွေးတွေ၊ နဂါးတွေနဲ့ Game of Thrones season 7 စပြီဆိုတော့ GoTs ပရိတ်သတ်တွေ ရင်တမမဖြစ်နေကြပြီပေါ့။ season 7 ကိုခံစားရင်း ပြီးခဲ့တဲ့ seasons တွေလည်း ပြန်မှတ်မိအောင် Game of Thrones ရိုက်ကူးခဲ့တဲ့နေရာတွေထဲကမှ GoTs ပရိတ်သတ်တွေ အလည်အပတ်သွားသင့်တဲ့ အလှပဆုံးGame of Thrones ရိုက်ကူးရေးနေရာ ၅ခုကို ဖော်ပြပေးလိုက်ပါတယ်။

Nose piercing မလုပ်ခင် သိထားသင့်တဲ့အချက် ၇ ချက်

တက်တူးထိုးတာ၊ piercing လုပ်တာတွေက လူငယ်တွေကြားမှာ အထာကျကျစတိုင်အဖြစ် ထင်ပေါ်တဲ့ ဖက်ရှင်တစ်မျိုးပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲလို တက်တူးထိုးတာ၊ piercing လုပ်တာကို လမ်းဘေးစတိုင်လို့ မြင်တတ်ကြပြီး အထူးသဖြင့်တော့ မိဘတွေက ကန့်ကွက်ကြပါတယ်။ တက်တူးထိုးသူတွေ တစ်နေ့ထက်တစ်နေ့များလာပေမယ့်လည်း ယနေ့အချိန်အထိ တက်တူးထိုးတာ ကောင်းတယ်၊ မကောင်းဘူး အမြင်ကတော့ ကွဲလွဲနေဆဲပါပဲ။ အဲ လောလောဆယ်မှာတော့ piercing လုပ်သူအရေအတွက်က တက်တူးထိုးသူထက်တော့ နည်းပါတယ်။ piercing ကတော့ တက်တူးလို ဖျက်ရခက်တာမျိုးမဟုတ်ဘဲနဲ့ အချိန်အနည်းငယ်ပေးရင် နဂိုအတိုင်းပြန်ဖြစ်တာမို့ တကယ်လို့များ နှာခေါင်းမှာ piercing လုပ်မယ်လို့ စဉ်းစားနေပြီဆိုရင်တော့ အောက်ကအချက်လေးတွေကို ဖတ်ဖြစ်အောင်ဖတ်ကြည့်စေချင်ပါတယ်။

ဥရောပကို ယူရို ၃၀၀ လောက်နဲ့ အသွားအပြန်လုပ်နိုင်တဲ့ စင်ကာပူသက်သာချောင်ချိလေကြောင်းလိုင်း (SPONSORED CONTENT လုံးဝလုံးဝ မဟုတ်ပါ။ )

စင်ကာပူအခြေစိုက် Scoot လေကြောင်းလိုင်းက အသစ်စက်စက်မဟုတ်ပေမယ့် ဉရောပဘက်ကို စတင်ပြေးဆွဲတာတော့ မကြာသေးပါဘူး။ လောလောဆယ်မှာတော့ စင်ကာပူကနေ ဥရောပဘက်အခြမ်းကို ပျံသန်းရာမှာ ဂရိနိုင်ငံ၊ အေသင်မြို့တစ်မြို့ထဲကိုပဲစတင်ပြေးဆွဲနေပါတယ်။ ​ Scoot လေကြောင်းလိုင်းဟာ လူငယ်တွေအတွက်အဓိကထားတဲ့လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး သက်သက်သာသာနဲ့ ကမ္ဘာအနှံ့ကို သွားလာနိုင်မှာဖြစ်ပါတယ်။

Caucasus ဒေသက စွဲမက်ဖွယ် ဂျော်ဂျီယာဟင်းလျာများ

ဂျော်ဂျီယာလို့ပြောရင် အမေရိကန်ပြည်ထောင်စုက ဂျော်ဂျီယာပြည်နယ်ကိုပဲ လူသိများကြပါတယ်။ ဥရောပတိုက်နဲ့ အာရှတိုက်ကြားက နယ်နိမိတ်ဒေသဖြစ်တဲ့ ကော်ကေးရှပ်စ် (Caucasus) ဒေသမှာရှိတဲ့ ဂျော်ဂျီယာနိုင်ငံကိုတော့ လူသိပ်မသိကြပါဘူး။ ကြားဖူးနားဝရှိရင်တောင် ၂၀၀၈ လောက်က ရုရှားနဲ့စစ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးလောက်ပဲ သိကြတာများပါတယ်။ ဂျော်ဂျီယာနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် သီးသန့်နိုင်ငံအနေနဲ့ကွဲထွက်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားနဲ့ အရှေ့ဥရောပနိုင်ငံတွေအကြားမှာတော့ စားသောက်ဖွယ်တွေနဲ့ပတ်သက်ရင် နာမည်ကြီးပါတယ်။ ဒီတစ်လရဲ့ လူသိနည်းတဲ့နေရာတွေအကြောင်းမှာတော့ ဂျော်ဂျီယာနိုင်ငံအကြောင်းအကျဉ်းချုံးနဲ့ ထိပ်တန်းဂျော်ဂျီယာဟင်းလျာ ၅မျိုးအကြောင်းကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဂျော်ဂျီယာနိုင်ငံဟာ ပင်လယ်နက်နဲ့ကပ်လျက်တည်ရှိပြီးတော့ ရုရှား၊ တူရဂီ၊ အာမီးနီးယား၊ အဇာဘိုင်ဂျန်နိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်နေပါတယ်။ ကော်ကေးရှပ်စ် တောင်တန်းတွေအပါအဝင် သဘာဝအလှအပတွေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့စရိုက်တွေ ပေါပေါသီသီရှိပေမယ့် ဂျော်ဂျီယာရဲ့ ခရီးသွားလုပ်ငန်းကတော့ ဖွံဖြိုးဆဲကာလမှာပဲရှိသေးတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေ သိပ်များများစားစားမရှိပါဘူး။  အများစုက Orthodox ခရစ်ယာန်ဘာသာကိုးကွယ်ကြပြီးတော့ ဒေသခံတွေရဲ့ ဖော်ရွေချက်က 9 လောက်ရှိတယ်လို့…Read more Caucasus ဒေသက စွဲမက်ဖွယ် ဂျော်ဂျီယာဟင်းလျာများ

ခရီးသွားခြင်းဟုဆိုရာဝယ်

ယနေ့ခေတ်ရေစီးကြောင်းမှာ iPhone အသစ်ထွက်ရင် အရင်ဆုံးကိုင်မှ၊ ဖက်ရှင်အသစ်ထွက်ရင် အရင်ဆုံးဝတ်မှ၊ apps တွေအသစ်ထွက်ရင် အရင်ဆုံး သုံးလိုက်ရမှ စသဖြင့်  ဘာမဆို “တစ်” ဖြစ်မှ ရေပန်းစားတတ်ပါတယ်။  ခရီးသွားကြတယ်လို့ဆိုရင်လည်း လူသိများတဲ့နေရာမျိုးတွေကို အဓိကသွားကြပြီးတော့ (အထူးသဖြင့် နိုင်ငံခြားခရီး) ရောက်ဖူးပြီးကြောင်း Facebook မှာ check-in လေးဝင်လိုက်ရမှ၊ ဓာတ်ပုံလေးတွေ တင်လိုက်ရမှ။ ဘယ်နှစ်နိင်ငံတော့ ရောက်ဖူးပြီးပြီ။ ဘယ်နှစ်နေရာတော့သွားပြီးပြီစသဖြင့်ပေါ့ ။ ဒါက ခရီးသွားခြင်းက ရနိုင်တဲ့ “sense of accomplishment” ခေါ်  ပြီးမြောက်အောင်မြင်မှုအငွေ့အသက်တစ်မျိုးဖြစ်သလို social media ဆိုတာကလည်း သူငယ်ချင်းတွေကြားချိတ်ဆက်မျှဝေကြတာဆိုလေတော့ ဘာမှကောင်းသည်ဆိုးသည် မပြောသာပါ။  ကိုယ်တင်တဲ့ ဓာတ်ပုံတွေကြည့်ပြီး တခြားသူတွေ ခရီးထွက်ဖြစ်အောင် inspiration ဖြစ်စေနိုင်တဲ့အတွက်လည်း ကောင်းပါတယ်။ ဒါပေမယ့် ခရီးသွားကြပြီဟေ့ဆိုရင် အချိန်ပေး၊…Read more ခရီးသွားခြင်းဟုဆိုရာဝယ်

ကင်မ်ချီစီးရီး (၃)

ကဲ ဒီတစ်ပတ်ရဲ့ နောက်ထပ် ဟင်းသီးဟင်းရွက်တစ်မျိုးနဲ့ ကင်မ်ချီလုပ်နည်း အကြောင်းပြောဖို့အချိန်ရောက်ပါပြီ။ အပိုင်း (၁)မှာ တင်ဆက်ပေးထားတဲ့ မုန်ညင်းဖြူထုတ် ကင်မ်ချီလုပ်ပြီးသွားပြီဆိုရင်တော့ ကျန် ကင်မ်ချီလုပ်နည်းတွေက အေးအေးဆေးဆေးပါ။ ဒီတစ်ပတ်ရဲ့ အလှည့်ကျကင်မ်ချီကတော့ မုန်လာဥဖြူကင်မ်ချီပဲဖြစ်ပါတယ်။ လုပ်နည်းလေးကြည့်လိုက်ရအောင်။

ဝိုင်ပူပူလေးလုပ်သောက်ကြစို့

သင်္ကြန်မှာ တစ်နေကုန်ကဲ၊ အိမ်ပြန်ရောက်တော့ အအေးပတ်ပြီး နောက်နေ့မကဲနိုင်မှာစိုးရိမ်ဖူးကြမှာပေါ့။ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့နည်းတစ်မျိုးကို အမျိုးတွေကို ပြန်ရှဲပေးချင်လို့ပါ။ အဲဒါကတော့ Hot Wine လုပ်နည်းပါ။ ဝိုင်ဆို အပူလုပ်သောက်တယ်ဆိုလို့ မအံ့သြပါနဲ့။ အနောက်နိုင်ငံတွေမှာဆို Hot Wine က ဆောင်းတွင်းမှာ အရမ်းကို ပေါ်ပြူလာဖြစ်ပါတယ်။ ဆောင်းတွင်းမှာ အေးလွန်းလို့ Hot Wine လေးသောက်ပြီး ခန္ဓာကိုယ်နွေးနွေးထွေးထွေးဖြစ်အောင် လုပ်ကြပါတယ်။ လုပ်နည်းကလည်း လွယ်မှလွယ်ပါပဲ။ အအေးမပတ်အောင် ဝိုင်ပူပူလေးသောက်ကြည့်ချင်တယ်ဆိုရင်တော့ အောက်ကလုပ်နည်းလေးကို ဆက်ဖတ်ကြည့်လိုက်ပါနော်။ ပထမဆုံးဝိုင်ရွေးတဲ့အခါ ဈေးကြီးတဲ့ဝိုင်သုံးဖို့မလိုပါဘူး။ ဝိုင်ကို တခြားအသီးအနှံ၊ အမွှေးအကြိုင်တွေနဲ့ရောမှာမို့ပါ။ Hot Wine လုပ်တဲ့အခါ အများအားဖြင့် ဝိုင်အနီနဲ့လုပ်ကြပါတယ်။ ဈေးလည်းပိုသက်သာတာကိုး။ အဖြူနဲ့လည်းလုပ်လို့ရပါတယ်။ ဒီမှာတော့ ဈေးသက်သက်သာသာရှိအောင် ဝိုင်အနီနဲ့လုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်း (၃ ယောက်စာ)…Read more ဝိုင်ပူပူလေးလုပ်သောက်ကြစို့

ကင်မ်ချီစီးရီး (၂)

ကင်မ်ချီကြိုက်သူတွေအတွက် နောက်ထပ်ကင်မ်ချီလုပ်နည်းတစ်မျိုးလာပြီနော်။ ဒီတစ်ပတ်တော့ သခွားသီးကင်မ်ချီလေးလုပ်စားရအောင်။ သခွားသီးနဲ့လုပ်တဲ့ကင်မ်ချီကတော့ လတ်ဆတ်ချိုမြလို့ လုပ်ပြီးတာနဲ့ကို တစ်ဝက်လောက်ကျိုးသွားမယ်။ မြည်းကောင်းကောင်းနဲ့ မြည်းနေလို့လေ။ ကဲ လုပ်နည်းလေးကြည့်လိုက်ကြပါစို့။

Sunscreen ကောင်းကောင်းဘယ်လိုရွေးဝယ်ကြမလဲ

သင်္ကြန်ရက်ကလည်း ကပ်နေပြီဆိုတော့ သင်္ကြန်မှာကဲမယ့်သူတွေပဲဖြစ်ဖြစ်၊ ခရီးထွက်မယ့်သူတွေပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ရင်ခုန်နေကြပြီမဟုတ်လား။ ရာသီဥတုပူပူမှာ အသားအရေထိန်းသိန်းနိုင်ဖို့ sunscreen ကောင်းကောင်းတော့ ဆောင်ထားမှဖြစ်မယ်နော်။ ဒါကြောင့် ကိုယ့်အသားအရည်နဲ့ကိုက်မယ့် sunscreen ကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ။ ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ကင်မ်ချီစီးရီး (၁)

ဒီနေ့ခေတ်လူငယ်အတော်များများဟာ ကျန်းမာရေးလိုက်စားလာကြပြီးတော့ Gym ဆော့တာ၊ diet လုပ်တာတွေကို စိတ်ဝင်တစားရှိလာတာတွေ့ရပါတယ်။ Gym ဆော့ရာမှာ ကိုယ်တိုင်သွားဖို့ ပျင်းနေတယ်ဆိုတာကလွဲလို့ အနှောင့်အတားမရှိတတ်ပေမယ့် ချဉ်ငံစပ်စားဖွယ်စုံပေါများတဲ့ ကိုယ်တွေနိုင်ငံမှာ ဘယ်နားသွားသွား အရသာစုံစားချင်စရာတွေချည်းဆိုတော့ ဝိတ်လျှော့ချင်တဲ့ ကိုကိုမမတွေအတွက် အစားရှောင်ဖို့က မလွယ်လှပါဘူး။ ဝိတ်ချစာတွေက အရသာမတွေ့တော့ ဟိုဟာလေးစားမိ၊ ဒီဟာလေးစားမိနဲ့ ဝိတ်ပိုတက်မှာတောင်ကြောက်ရသေးမဟုတ်လား။ အဲတော့ ချဉ်ငံစပ်အရသာလည်းစုံ၊ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ ကင်မ်ချီကိုသွားသတိရမိလို့ တတ်သိသမျှ ကင်မ်ချီလုပ်နည်းလေးတွေကို အပိုင်းလေးတွေခွဲပြီး ပြန်လည်ဝေမျှပေးလိုက်ပါတယ်။